နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 14, 2009

ပီတိသုတ်- (နှစ်သက်ခြင်း)

ပီတိသုတ်- (နှစ်သက်ခြင်း၊ နှစ်လိုခြင်း၊ သောက်ခြင်း)

သာဝတ္ထိနိဒါန်း ...

အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာကို မြင်၍ ။ ပ ။
ဤစကားကို လျှောက်၏-

''ငါ့သျှင်သာရိပုတြာ သင်၏ ဣနြေ္ဒတို့သည် အလွန်ကြည်လင်ကုန်၏၊
မျက်နှာအဆင်းသည် အလွန်စင်ကြယ်၏၊
အလွန်ဖြူစင် တောက်ပ၏၊
အသျှင်သည် ယနေ့ အဘယ်နေခြင်းဖြင့် နေခဲ့ပါသနည်း'' ဟု လျှောက်၏။

ငါ့သျှင် ငါသည် နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း 'သုခ'ကို လည်း ကိုယ်ဖြင့်ခံစားရ၏၊ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို ...

''လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ''

ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြား ကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ထိုငါ့အား ''တတိယဈာန်ကို ငါဝင်စားနေ၏'' ဟူ၍ လည်းကောင်း၊ ''တတိယဈာန်ကို ငါ ဝင်စားခဲ့ပြီ'' ဟူ၍ လည်းကောင်း၊ ''တတိယဈာန်မှငါ ထခဲ့၏'' ဟူ၍ လည်းကောင်း ဤသို့ စိတ်အကြံ မဖြစ်ဟု မိန့်တော်မူ၏။

ဤသို့ စိတ်အကြံ မဖြစ်သောကြောင့်သာလျှင် အသျှင်သာရိပုတြာသည် ငါဟု စွဲယူမှု 'ဒိဋ္ဌိ'၊ ငါ့ဥစ္စာဟု တပ်မက်မှု 'တဏှာ'၊ ထောင်လွှားမှု 'မာနာနုသယ' တို့ကို အချိန်ကြာမြင့်စွာကပင် ကောင်းစွာ ပယ်နုတ်အပ်ခဲ့လေပြီ၊ ထို့ကြောင့် အသျှင် သာရိပုတြာအား ''တတိယဈာန်ကို ငါဝင်စားနေ၏''ဟူ၍ လည်းကောင်း၊ ''တတိယ ဈာန်ကို ငါဝင်စားခဲ့ပြီ'' ဟူ၍ လည်းကောင်း၊ ''တတိယဈာန်မှ ငါ ထခဲ့ပြီ'' ဟူ၍ လည်းကောင်း ဤသို့ စိတ်အကြံ မဖြစ်နိုင်တော့ချေဟု (မိန့်ဆို၏)။

၃- ပီတိသုတ်၊ သာရိပုတ္တသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။