နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 14, 2009

တရား နှစ်ပါးစု၊ သင်္ဂီတိသုတ်...

တရား နှစ်ပါးစု၊ သင်္ဂီတိသုတ်၊

၃၀၄။ ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော် အထူးကို ခံတော်မူ့ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကောင်းစွာ ဟောတော်မူအပ်သော နှစ်ပါး သော တရားတို့သည် ရှိကုန်၏၊ ထိုနှစ်ပါးသော တရားတို့၌ အလုံးစုံသော သင်တို့ သည် အညီအညွတ် ရွတ်ဆိုအပ်၏။ပ။
နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

အဘယ်တရား နှစ်ပါးတို့နည်း ဟူမူ -

၁။ နာမ်တရား လည်းကောင်း၊
၂။ ရုပ်တရား လည်းကောင်း တည်း။ (၁)

၁။ ဖုံးကွယ်တတ်သော {အ၀ိဇ္ဇာ}တရား လည်းကောင်း၊
၂။ ဘ၀၌တပ်မက်သော {ဘ၀တဏှာ} လည်းကောင်း တည်း။ (၂)

၁။ ဘ၀မြဲ၏ ဟူသော မိစ္ဆာအယူ လည်းကောင်း၊
၂။ သေလျှင်ဘ၀ပြတ်၏ ဟူသော မိစ္ဆာအယူ လည်းကောင်း တည်း။ (၃)

၁။ မရှက်ခြင်း လည်းကောင်း၊
၂။ မကြောက်ခြင်း လည်းကောင်း တည်း။ (၄)

၁။ ရှက်ခြင်း လည်းကောင်း၊
၂။ ကြောက်ခြင်း လည်းကောင်း တည်း။ (၅)

၁။ ဆုံးမခက်ခြင်း လည်းကောင်း၊
၂။ မကောင်းသော အဆွေခင်ပွန်းရှိခြင်း လည်းကောင်း တည်း။ (၆)

၁။ ဆုံးမလွယ်ခြင်း လည်းကောင်း၊
၂။ ကောင်းသော အဆွေခင်ပွန်းရှိခြင်း လည်းကောင်း တည်း။ (၇)

၁။ အာပတ်၌ လိမ္မာခြင်း လည်းကောင်း၊
၂။ အာပတ်မှ ထခြင်း၌ လိမ္မာခြင်း လည်းကောင်း တည်း။ (၈)

၁။ သမာပတ်၌ လိမ္မာခြင်း လည်းကောင်း၊
၂။ သမာပတ်မှ ထခြင်း၌ လိမ္မာခြင်း လည်းကောင်း တည်း။ (၉)

၁။ ဓာတ်၌ လိမ္မာခြင်း လည်းကောင်း၊
၂။ နှလုံးသွင်းခြင်း၌ လိမ္မာခြင်း လည်းကောင်း တည်း။ (၁၀)

၁။ အာယတန၌ လိမ္မာခြင်း လည်းကောင်း၊
၂။ ပဋိစ္စသမုပ္ပါဒ်၌ လိမ္မာခြင်း လည်းကောင်း တည်း။ (၁၁)

၁။ အကြောင်းဟုတ်သည်၌ လိမ္မာခြင်း လည်းကောင်း၊
၂။ အကြောင်းမဟုတ်သည်၌ လိမ္မာခြင်း လည်းကောင်း တည်း။ (၁၂)

၁။ ဖြောင့်မတ်ခြင်း လည်းကောင်း၊
၂။ နူးညံ့သိမ်မွေ့ခြင်း လည်းကောင်း တည်း။ (၁၃)

၁။ သည်းခံခြင်း လည်းကောင်း၊
၂။ တရား၌ မွေ့လျော်ခြင်း လည်းကောင်း တည်း။ (၁၄)

၁။ သိမ်မွေ့ပြေပြစ်ခြင်း လည်းကောင်း၊
၂။ စေ့စပ်ခြင်း လည်းကောင်း တည်း။ (၁၅)

၁။ မညှဉ်းဆဲခြင်း လည်းကောင်း၊
၂။ စင်ကြယ်ခြင်း လည်းကောင်း တည်း။ (၁၆)

၁။ လွတ်သော သတိရှိခြင်း လည်းကောင်း၊
၂။ ပညာအဆင်အခြင် မရှိခြင်း လည်းကောင်း တည်း။ (၁၇)

၁။ သတိရှိခြင်း လည်းကောင်း၊
၂။ ပညာအဆင်အခြင် ရှိခြင်း လည်းကောင်း တည်း။ (၁၈)

၁။ ဣနြေ္ဒတို့၌ မလုံသော တံခါး ရှိခြင်း လည်းကောင်း၊
၂။ အစားအစာ၌ အတိုင်းအရှည် မသိခြင်း လည်းကောင်း တည်း။ (၁၉)

၁။ ဣနြေ္ဒတို့၌ လုံသော တံခါး ရှိခြင်း လည်းကောင်း၊
၂။ အစားအစာ၌ အတိုင်းအရှည် သိခြင်း လည်းကောင်း တည်း။ (၂၀)

၁။ ဆင်ခြင်ခြင်းအား လည်းကောင်း၊
၂။ ပွားများခြင်းအား လည်းကောင်း တည်း။ (၂၁)

၁။ သတိအား လည်းကောင်း၊
၂။သမာဓိအား လည်းကောင်း တည်း။ (၂၂)

၁။ သမထတရား လည်းကောင်း၊
၂။ ၀ိပဿနာတရား လည်းကောင်း တည်း။ (၂၃)

၁။ သမထအာရုံ လည်းကောင်း၊
၂။ ၀ီရိယအာရုံ လည်းကောင်း တည်း။ (၂၄)

၁။ ၀ီရိယတရား လည်းကောင်း၊
၂။ မပျံ့လွင့်ခြင်း လည်းကောင်း တည်း။ (၂၅)

၁။ သီလပျက်ခြင်း လည်းကောင်း၊
၂။ အယူပျက်ခြင်း လည်းကောင်း တည်း။ (၂၆)

၁။ သီလနှင့်ပြည့်စုံခြင်း လည်းကောင်း၊
၂။ အယူနှင့်ပြည့်စုံခြင်း လည်းကောင်း တည်း။ (၂၇)

၁။ သီလစင်ကြယ်ခြင်း လည်းကောင်း၊
၂။ အယူစင်ကြယ်ခြင်း လည်းကောင်း တည်း။ (၂၈)

၁။ စင်ကြယ်သော ဉာဏ်အမြင် လည်းကောင်း၊
၂။ ဉာဏ်အမြင် အားလျော်သော ၀ီရိယ လည်းကောင်း တည်း။ (၂၉)

၁။ ထိတ်လန့်သင့်သော အရာတို့၌ ထိတ်လန့်ခြင်း လည်းကောင်း၊
၂။ ထိတ်လန့်သော ပုဂ္ဂိုလ်၏ ဉာဏ်နှင့်ယှဉ်သော ၀ီရိယ လည်းကောင်း တည်း။၃၀

၁။ ကုသိုလ်တရားတို့၌ မရောင့်ရဲခြင်း လည်းကောင်း၊
၂။ ကမ္မဋ္ဌာန်း၌ မဆုတ်မနစ်ခြင်း လည်းကောင်း တည်း။ (၃၁)

၁။ ၀ိဇ္ဇာတရား လည်းကောင်း၊
၂။ ကိလေသာမှ လွတ်ခြင်း လည်းကောင်း တည်း။ (၃၂)

၁။ ကိလေသာကုန်ရာ အရဟတ္တမဂ်ဉာဏ် လည်းကောင်း၊
၂။ အရဟတ္တဖိုလ်ဉာဏ် လည်းကောင်း တည်း။ (၃၃)


ငါ့သျှင်တို့ (အလုံးစုံသောတရားတို့ကို) သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ သော ထိုမြတ်စွာဘုရားသည် ဤနှစ်ပါးသော တရားတို့ကို ကောင်းစွာ ဟောတော် မူအပ်ကုန်၏။ ထိုတရားနှစ်ပါးတို့၌ အလုံးစုံသော သင်တို့သည် အညီအညွတ် ရွတ်ဆိုအပ်၏၊ မငြင်းခုံအပ်၊ ယင်းသို့ ရွတ်ဆိုအပ်သော် ဤသာသနာတော်သည် အရှည်ခံ့သည် ကြာမြင့်စွာ တည်သည် ဖြစ်ရာ၏၊ ထိုသို့ဖြစ်ခြင်းသည် လူအများ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုး စီးပွါး ချမ်းသာအလို့ငှါ ဖြစ်ရာ၏။

ဒုက - တရား နှစ်ပါးစု၊ သင်္ဂီတိသုတ်၊ ပါထိက၀ဂ်၊ ဒီဃနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။