နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 14, 2009

ကျင့်အပ်သောအကျင့်များ...

ကျင့်အပ်သောအကျင့်များ...


ထိုနှစ်ပါးတို့တွင် အဘယ်သည် ကျင့်အပ်သော အကျင့် မည်သနည်း။ ကိုယ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်း၊ ကိုယ်နှုတ်၌ ဖြစ်သော မလွန်ကျူးခြင်းသည် ရှိ၏။ ဤသဘောကိုကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။ သီလ စောင့်ထိန်းမှု အားလုံးသည်လည်း ကျင့်အပ်သော အကျင့် မည်၏။

ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝါးပေးခြင်းဖြင့် လည်းကောင်း၊ သစ်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ ပန်းပေးခြင်းဖြင့် လည်းကောင်း၊ သစ်သီး ပေးခြင်းဖြင့် လည်းကောင်း၊ ရေချိုးဆပ်ပြာမှုန့်ပေးခြင်းဖြင့် လည်းကောင်း၊ ဒန်ပူ ပေးခြင်းဖြင့် လည်းကောင်း၊ ချစ်ခင်စေလို၍ မြှောက်ပင့်ပြောဆိုခြင်းဖြင့် လည်း ကောင်း၊ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်းဖြင့် လည်းကောင်း၊ ကလေးချော့ ကလေးထိန်းပေးခြင်းဖြင့် လည်းကောင်း၊ လူတို့အတွက် သတင်းပို့ ပေးခြင်းဖြင့် လည်းကောင်း၊ မြတ်စွာဘုရား စက်ဆုပ်တော်မူအပ်သော မှားသော အသက်မွေးမှု တစ်ခုခုဖြင့် လည်းကောင်း အသက်မွေးမြူခြင်း မပြုပေ။
ဤသဘော ကို ကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။

''ကျက်စားရာ 'ဂေါစရ''' ဟု ဆိုရာ၌ ကျက်စားသင့်သော နေရာသည် ရှိ၏၊
မကျက်စားသင့်သော နေရာသည် ရှိ၏။

အဘယ်သည် မကျက်စားသင့်သော နေရာမည်သနည်း...

ဤသာသနာတော်၌ အချို့သော ရဟန်းသည် ပြည့်တန်ဆာမအိမ်၌ ကျက်စား၏၊ မုဆိုးမအိမ်၌ ကျက်စား၏၊ အပျိုကြီးအိမ်၌ ကျက်စား၏၊ ပဏ္ဍုက်အိမ်၌ ကျက်စား ၏၊ ဘိက္ခုနီမကျောင်း၌ ကျက်စား၏၊ သေတင်းကုပ်၌ ကျက်စား၏၊ မင်းတို့နှင့် လည်းကောင်း၊ မင်း၏ အမတ်တို့နှင့် လည်းကောင်း၊ တိတ္ထိတို့နှင့် လည်းကောင်း၊ တိတ္ထိတပည့်တို့နှင့် လည်းကောင်း သာသနာတော်နှင့် မလျောက်ပတ်သော ဆက်ဆံခြင်းဖြင့် ဆက်ဆံ၍ နေ၏။ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာ ယောက်ျား ဥပါသိကာမိန်းမတို့အား သဒ္ဓါတရား မရှိကုန်သော၊ မကြည်ညိုကုန် သော၊ ရေတွင်းသဖွယ် မဖြစ်ကုန်သော၊ ဆဲရေးတတ် ရေရွတ်တတ်ကုန်သော၊ အကျိုးမဲ့ကို အလိုရှိကုန်သော၊ စီးပွါးမဲ့ကို အလိုရှိကုန်သော၊ ချမ်းသာမဲ့ကို အလိုရှိကုန်သော၊ ယောဂကုန်ရာကို အလိုမရှိကုန်သော အကြင် အမျိုး (ဒါယကာ) တို့သည် ရှိကုန်၏။ ထိုသို့ သဘောရှိသော အမျိုး (ဒါယကာ) တို့ကို မှီဝဲ၏၊ ဆည်းကပ်၏၊ ချဉ်းကပ်၏၊ ဤသဘောကို မကျက်စားသင့်သော နေရာဟု ဆိုအပ် ၏။

ကျင့်အပ်သောအကျင့်များ၊ ဈာနဝိဘင်္ဂ၊ အဘိဓမ္မာ။

မကျင့်အပ်သော အကျင့်များ --->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။