နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 21, 2009

၂... ဗျာပါဒဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၂... ဗျာပါဒဓာတ်
ထိုဓာတ် ခြောက်ပါးတို့တွင်...
အဘယ်သည် ပျက်စီးစေလိုမှု သဘော 'ဗျာပါဒဓာတ်' မည်သနည်း။

ပျက်စီးစေလိုမှုနှင့် စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'။ပ။
မှားယွင်းစွာ ကြံစည်မှု 'မိစ္ဆာသင်္ကပ္ပ' သည် ရှိ၏၊
ဤဆိုခဲ့ပြီးသော သဘောကို ပျက်စီးစေလိုမှု သဘော 'ဗျာပါဒဓာတ်'
(ဗျာပါဒဝိတတ်) ဟု ဆိုအပ်၏။

တစ်နည်းအားဖြင့်ကား...
ရန်ငြိုးဖွဲ့ခြင်းအကြောင်း (ဒေါသဖြစ်ကြောင်း) ဆယ်ပါးတို့ကြောင့်
စိတ်၏ ရန်ငြိုးဖွဲ့မှု (အမျက်ထွက်မှု, စိတ်ကို ပျက်စီးစေမှု, ညှင်းဆဲမှု) 'အာဃာတ'၊
လွန်စွာ ရန်ငြိုးဖွဲ့မှု 'ပဋိဃာတ'၊
အာရုံ၌ ထိပါးမှု မုန်းထားမှု 'ပဋိဃ'၊
လွန်စွာဆန့်ကျင်မှု 'ပဋိဝိရောဓ'၊
စိတ်ဆိုးခြင်း အမျက်ထွက်ခြင်း 'ကောပ'၊
လွန်စွာစိတ်ဆိုးခြင်း လွန်စွာအမျက်ထွက်ခြင်း 'ပကောပ'၊
အလွန်ပြင်းစွာ စိတ်ဆိုးခြင်း အလွန်ပြင်းစွာ အမျက်ထွက်ခြင်း 'သမ္ပကောပ'၊
ဖျက်ဆီးပြစ်မှားခြင်း 'ဒေါသ'၊
လွန်စွာဖျက်ဆီး ပြစ်မှားခြင်း 'ပဒေါသ'၊
အလွန်ပြင်းစွာ ဖျက်ဆီးပြစ်မှားခြင်း 'သမ္ပဒေါသ'၊
စိတ်၏ ဖောက်ပြန်ခြင်း 'စိတ္တဿဗျာပတ္တိ'၊
စိတ်၏ ပျက်စီးခြင်း သဘော 'မနောပဒေါသ'၊
အမျက်ထွက်ခြင်း 'ကောဓ'၊
အမျက်ထွက်ပုံ အခြင်းအရာ 'ကုဇ္ဈနာ'၊
အမျက်ထွက်တတ်သူ၏ အဖြစ် 'ကုဇ္ဈိတတ္တ'၊
ဖျက်ဆီး ပြစ်မှားခြင်း သဘော 'ဒေါသ'၊
ဖျက်ဆီးပြစ်မှားပုံ အခြင်းအရာ 'ဒုဿနာ'၊
ဖျက်ဆီးပြစ်မှားတတ်သူ၏အဖြစ် 'ဒုဿိတတ္တ'၊
ဖောက်ပြန် ပျက်စီးခြင်းသဘော 'ဗျာပတ္တိ'
ဖောက်ပြန်ပျက်စီးပုံ အခြင်းအရာ 'ဗျာပဇ္ဇနာ'၊
ဖောက်ပြန် ပျက်စီးတတ်သူ၏အဖြစ် 'ဗျာပဇ္ဇိတတ္တ'
ဆန့်ကျင်မှု 'ဝိရောဓ'၊ လွန်စွာဆန့်ကျင်မှု'ပဋိဝိရောဓ'၊
ကြမ်းတမ်းသူ၏အဖြစ် (ကြမ်းတမ်းမှု) 'စဏ္ဍိက္က'၊
ကောင်းမွန်စွာ မပြောဆိုနိုင်ခြင်း (မကောင်းသဖြင့် ပြောဆိုခြင်း) 'အသုရောပ'၊
စိတ်၏ မိမိပကတိစိတ် မဟုတ်သည်၏ အဖြစ် (စိတ်တိုင်း မကျသည်၏ အဖြစ်, ဝမ်းမြောက်ခြင်း မရှိသည်၏ အဖြစ်) 'အနတ္တမနတာစိတ္တဿ' သည် (ရှိ၏)။

ရန်ငြိုးဖွဲ့ကြောင်း = ဒေါသဖြစ်ကြောင်း ၁ဝ-ပါး
ဤဆိုခဲ့ပြီးသော သဘောကို
ပျက်စီးစေလိုမှုသဘော 'ဗျာပါဒဓာတ်' ဟု ဆိုအပ်၏ (ဒေါသ)။ (ဏီ၊ ပဒ-၁၂၃၇)

ဓာတ် ၆-ပါး သုတ္တန်နည်း၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

၁။
(၁) ငါ့ကို အကျိုးမဲ့ဖြစ်အော
င် မကြီးပွားအောင် သူပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၂) ငါ့ကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်နေဆဲ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၃) ငါ့ကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်လတ္တံဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊ (၄) ငါချစ်ခင်သောသူကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၅) ငါချစ်ခင်သော သူကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်နေဆဲ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၆) ငါချစ်ခင်သော သူကို အကျိုးမဲ့ ဖြစ်အောင် မကြီးပွါးအောင် သူပြုကျင့်လတ္တံ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၇) ငါမုန်းသော သူကို အကျိုးရှိ အောင် ကြီးပွားအောင် သူပြုကျင့်ခဲ့ပြီဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၈) ငါမုန်းသော သူကို အကျိုးရှိအောင် ကြီးပွါးအောင် သူပြုကျင့်နေဆဲ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၉) ငါမုန်းသော သူကို အကျိုးရှိအောင် ကြီးပွါး အောင် သူပြုကျင့်လတ္တံ-ဟု ရန်ငြိုးဖွဲ့ခြင်း, ဒေါသဖြစ်ခြင်း၊
(၁ဝ) မိုးအလွန်ရွာလျှင် မိုးကလဲရွာလိုက်တာ စသည့်ဖြင့် အကြောင်းအရာ မဟုတ်သည်၌ စိတ်ဆိုး အမျက်ထွက်ခြင်း၊


အဘိ-၁၊ နှာ-၂၁၆။ အဘိ-၂၊ နှာ-၄ဝ၅။ အဘိ၊ ဋ္ဌ၊ ၁၊ နှာ-၃၉၉။ အာဃာတ ဝတ္တုဆယ်ပါး (ဏီ၊ ပဒ-၁၂၃၇၊ နှာ၂၄၄)

၂။ ဗျာပတ္တိ= (ဝိ= ဖောက်ပြန်ခြင်း။ အာပတ္တိ= ရောက်ခြင်း) ဖောက်ပြန်ခြင်းသို့ရောက်ခြင်း။
၃။ ''ဗျာပဇ္ဇိတတ္တ'ပုဒ်မှာ ဤကျမ်း၌ ကျကျန်နေခဲ့သည်၊ ဓမ္မသင်္ဂဏီ နှာ-၂၁၆ ၌ ပါရှိသဖြင့် ထည့်သွင်း ပြန်ဆိုလိုက်သည်။



(၃) ဝိဟိံသဓာတ်--->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။