နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, February 9, 2009

နာဂဒတ္တသုတ်-

နာဂဒတ္တသုတ်-

အခါတစ်ပါး၌ အသျှင်နာဂဒတ္တသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ၌ အသျှင်နာဂဒတ္တသည် အလွန် စောလွန်းစွာ ရွာသို့ ဝင်၏၊ အလွန် နေမြင့် မှ ပြန်ခဲ့၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်နာဂဒတ္တ အား အစဉ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် အသျှင် နာဂဒတ္တကို ထိတ်လန့်စေလိုရကား ထိုအသျှင်နာဂဒတ္တထံသို့ ချဉ်းကပ်ပြီးလျှင် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

''နဂဒတ္တ နံနက်စောစော (ရွာသို့) ဝင်၏၊ နေမြင့်မှ ပြန်လာသည့်ပြင် အချိန်လွန် အကျင့်ကို ကျင့်လေ့ရှိကာ လူတို့နှင့် တူမျှသော ချမ်းသာဆင်းရဲရှိသည် ဖြစ်၍ လူတို့နှင့် ရောနှောဘိ၏။

ဒါယကာတို့၌ ဖွဲ့သော စိတ်ရှိသော လွန်စွာ ခက်ထန်သော နဂဒတ္တကို အကျွန်ုပ် ကြောက်လှပါ၏၊ (တစ်ခုသောဘဝ၏) အဆုံးကို ပြုတတ်သော ခွန်အားကြီးသော သေမင်း၏ အလိုနိုင်ငံသို့ မလိုက်ပါလင့်'' ဟု ရွတ်ဆို၏။

ထိုအခါ၌ အသျှင်နာဂဒတ္တသည် ...
ထိုနတ် ထိတ်လန့်စေအပ်သည်ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။

၇ - နာဂဒတ္တသုတ်၊ ၀နသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။