နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 24, 2009

ဘီတာသုတ်- (ကြောက်သည်)

ဘီတာသုတ်- (ကြောက်သည်)

နိဗ္ဗာန်လမ်းကို များစွာသော အကြောင်းတို့ဖြင့် ဆိုအပ်၏၊
(ထိုသို့ဆိုအပ်လျက်) ဤလောက၌များစွာသော လူအပေါင်းသည် အဘယ့်ကြောင့် ကြောက်ပါသနည်း၊ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော ဂေါတမနွယ် ဖွား မြတ်စွာဘုရား အသျှင်ဘုရားကို မေးလျှောက်ပါ၏၊

အဘယ်အရာ၌ တည်သောသူသည် တမလွန်လောကကို မကြောက်ပါသနည်း..

နှုတ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ကောင်းစွာဆောက်တည်၍ ကိုယ် ဖြင့် မကောင်းမှုတို့ကို မပြုဘဲ များသော ထမင်းအဖျော်ရှိသော အိမ်၌ အုပ်စိုးလျက် နေသော သဒ္ဓါတရား၊ နူးညံ့ခြင်း၊ ခွဲခြမ်းဝေဖန်လေ့ရှိခြင်း၊ ပြောဆိုမှု၌ လိမ္မာခြင်းဟု ဆိုအပ်သော ထိုလေးပါးသော တရားတို့၌ တည်သောသူသည် တရား၌တည်သည် ဖြစ်၍ တမလွန် လောကကို မကြောက် ဟု မိန့်တော်မူ၏။

၅ - ဘီတာသုတ်၊ ဆေတွာဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။