နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, February 19, 2009

ကုလသုတ်- (အိမ်)

ကုလသုတ်- (အိမ်၊ အမျိုး၊ မြတ်သောအမျိုး၊ မိဘအိမ်၊ အလုပ်အကျွေးဒါယကာ)

သာဝတ္ထိနိဒါန်း...

ရဟန်းတို့ မိန်းမများ၍ ယောက်ျားနည်းသော အိမ်ဟူသမျှတို့ကို မီးအုပ်ဆောင်း ခိုးသူတို့သည် ဖျက်ဆီးရန် လွယ်ကူကုန်သကဲ့သို့ ထို့အတူသာလျှင် (ဆန့်ကျင် ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မပွားများမလေ့လာသော မည်သည့် ရဟန်းကိုမဆို မြေဖုတ်ဘီလူးတို့ ဖျက်ဆီးရန် လွယ်ကူကုန်၏။

ရဟန်းတို့ ဥပမာသော်ကား မိန်းမနည်း၍ ယောက်ျားများသော အိမ်ဟူသမျှတို့ကို မီးအုပ်ဆောင်း ခိုးသူတို့သည် ဖျက်ဆီးခြင်းငှါ မလွယ်ကူကုန်သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို ပွားများ လေ့လာသော မည်သည့်ရဟန်းကို မဆို မြေဖုတ်ဘီလူးတို့ ဖျက်ဆီးရန် မလွယ်ကူ။

ရဟန်းတို့ ထို့ကြောင့် ''ငါ့တို့သည် (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာ စိတ်ကို ပွားများအံ့၊ လေ့လာအံ့၊ ယာဉ်ကဲ့သို့ ပြုအံ့၊ တည်ရာကဲ့သို့ ပြုအံ့၊ ဆောက် တည်အံ့၊ ထက်ဝန်းကျင်မှ ဆည်းပူးအံ့၊ ကောင်းစွာ အားထုတ်အံ့'' ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။

၃ - ကုလသုတ်၊ သြပမ္မသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။