နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 10, 2009

ဆဝိသုတ်- (အရေပါး)

ဆဝိသုတ်- (အရေပါး)

သာဝတ္ထိနိဒါန်း...

ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊
လာဘ်ပူဇော်သကာ အကျော်အစောသည် အရေပါးကို ဖြတ်၏၊
အရေပါးကို ဖြတ်ပြီး၍ အရေထူကို ဖြတ်၏၊
အရေထူကို ဖြတ်ပြီး၍ အသားကို ဖြတ်၏၊
အသားကို ဖြတ်ပြီး၍ အကြောကို ဖြတ်၏၊
အကြောကို ဖြတ်ပြီး၍ အရိုးကို ဖြတ်၏၊
အရိုးကို ဖြတ်ပြီး၍ ရိုးတွင်းခြင်ဆီကို ထိလျက် တည်၏၊

ရဟန်းတို့...
ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏ ။ ပ ။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။

၈ - ဆဝိသုတ်၊ တတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။