နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 21, 2009

၅... အဗျာပါဒဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၅... အဗျာပါဒဓာတ်
ထိုဓာတ် ခြောက်ပါးတို့တွင် အဘယ်သည်
မပျက်စီးစေလိုမှုသဘော 'အဗျာပါဒဓာတ်' မည်သနည်း။

မပျက်စီးစေလိုမှုနှင့် စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'။ပ။
ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော သဘောကို ...
မပျက်စီးစေလိုမှု သဘော 'အဗျာပါဒဓာတ်' (အဗျာပါဒဝိတက်) ဟု ဆိုအပ်၏။

တစ်နည်းဆိုသော် သတ္တဝါတို့၌ အကြင် ချစ်ခင်မှု 'မေတ္တိ'၊
ချစ်ခင်ပုံ အခြင်းအရာ 'မေတ္တာယနာ'၊
ချစ်ခင်တတ်သူ၏ အဖြစ် 'မေတ္တာယိတတ္တ'၊
စိတ်ကို ဒေါသ= ဗျာပါဒမှ လွတ်မြောက်စေသော မေတ္တာ 'မေတ္တာစေတောဝိမုတ္တိ' သည် ရှိ၏။

ဤဆိုခဲ့ပြီးသော သဘောကို မပျက်စီးစေလိုမှုသဘော 'အဗျာပါဒဓာတ်' (မေတ္တာ) ဟု ဆိုအပ်၏။

ဓာတ် ၆-ပါး သုတ္တန်နည်း၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

၁။ မေတ္တိ, မေတ္တာယနာ, မေတ္တာယိတတ္တ= မေတ္တာ (သောဘဏစိတ် ၅၉-ပါးလုံးနှင့် ယှဉ်သော မေတ္တာကို ယူရမည်)။ မေတ္တာ စေတော ဝိမုတ္တိ= အပ္ပနာသို့ ရောက်သော မေတ္တာ (ဈာန်, မဂ်, ဖိုလ်တို့နှင့် ယှဉ်သော မေတ္တာ)။ (အဘိ၊ ဋ္ဌ၊ ၂၊ နှာ-၇ဝ)

(၆) အဝိဟိံသဓာတ်--->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။