နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, February 1, 2009

ယောက်ျား၏ အဖြစ်ကို လွန်မြောက်လိုသော်...

သံယောဂသုတ်- (ယှဉ်သည်၊ ကိလေသာနှင့်ယှဉ်သည်)

ယောက်ျား၏ အဖြစ်ကို လွန်မြောက်လိုသော်...

ရဟန်းတို့ (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာကို သင် တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြ ကုန်။ ပ။

ရဟန်းတို့ ယောက်ျားသည် မိမိသန္တာန်၌

၁။ ယောက်ျားဣနြေ္ဒကို နှလုံးမသွင်း၊
၂။ ယောက်ျား အမူ အရာ၊
၃။ ယောက်ျား အသွင်အပြင်၊
၎။ ယောက်ျား၏ မာန်၊
၅။ ယောက်ျား၏ အလိုဆန္ဒ၊
၆။ ယောက်ျား၏ အသံ၊
၇။ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊
ထိုယောက်ျားသည် ပုရိသိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊
ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊

ထိုယောက်ျားသည် ထိုတရားခုနစ်မျိုးတို့၌ မတပ်မက် မမွေ့လျော်သည် ဖြစ်၍

၁။ အပသန္တာန်၌ ရှိသော ဣတ္ထိနြေ္ဒကို နှလုံးမသွင်း၊
၂။ မိန်းမ အမူအရာ၊
၃။ မိန်းမ အသွင်အပြင်၊
၎။ မိန်းမ၏ မာန်၊
၅။ မိန်းမ၏ အလိုဆန္ဒ၊
၆။ မိန်းမ၏ အသံ၊
၇။ မိန်းမ၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊
ထိုယောက်ျားသည် ဣတ္ထိနြေ္ဒစသော တရား ခုနစ်မျိုးတို့၌ မတပ်မက်၊
ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊

ထိုခုနစ်မျိုးသော တရားတို့၌ မတပ်မက် မမွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ မေ ထုန်နှင့် ယှဉ်မှုကို အလိုမရှိ၊ ထိုယောက်ျားအား (မေထုန်နှင့်) ယှဉ်ခြင်းဟူသော အကြောင်းကြောင့် ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုမရှိ၊ ရဟန်း တို့ ယောက်ျား၏အဖြစ်၌ မမွေ့လျော်ကုန်သော သတ္တဝါတို့သည် မိန်းမတို့၌ (မေထုန်နှင့်) ယှဉ်မှုသို့မရောက်၊
ရဟန်းတို့ ဤသို့လျှင် ယောက်ျားသည် ယောက်ျား၏ အဖြစ်ကို လွန်မြောက်၏။

၈ - သံယောဂသုတ်-မှ၊ မဟာယည၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။