နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, February 21, 2009

၎... နေက္ခမ္မဓာတ် (ဓာတ် ၆-ပါးမှ)

သုတ္တန်နည်း... ဓာတ် ၆-ပါးမှ...

၎... နေက္ခမ္မဓာတ်
ထိုဓာတ်ခြောက်ပါးတို့တွင် အဘယ်သည် ကာမဂုဏ် ငါးပါးတို့မှ ထွက်မြောက်လိုမှု သဘော 'နေက္ခမ္မဓာတ်' မည်သနည်း။

ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှုနှင့် စပ်သော ကြံစည်မှု 'တက္က'၊
အထူးကြံစည်မှု 'ဝိတက္က'။ပ။
ကောင်းစွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ' သည် ရှိ၏။
ဤဆိုခဲ့ပြီးသော သဘောကို ကာမဂုဏ်ငါးပါးတို့မှ ထွက်မြောက်လိုမှု သဘော 'နေက္ခမ္မဓာတ်' (နေက္ခမ္မဝိတက်) ဟု ဆိုအပ်၏။

တစ်နည်းဆိုသော်...
အပြစ် မရှိမူ၍ ကောင်းကျိုးကို ပေးတတ်သော 'ကုသလဓမ္မ' ကုသိုလ်တရား အလုံးစုံတို့သည်လည်း ကာမဂုဏ် ငါးပါးတို့မှ ထွက်မြောက်လိုမှု သဘော 'နေက္ခမ္မဓာတ်' မည်၏။

ဓာတ် ၆-ပါး သုတ္တန်နည်း၊ ဓာတုဝိဘင်္ဂ၊ ၀ိဘင်္ဂ္ဂပါဠိတော်။

(၅) အဗျာပါဒဓာတ်--->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။