နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, February 22, 2009

အဝဏ္ဏာရဟသုတ်- (ဂုဏ်ကျေးဇူးကို မထိုက်သည်)

အဝဏ္ဏာရဟသုတ်- (ဂုဏ်ကျေးဇူးကို မထိုက်သည်)

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ...
ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏၊

အဘယ်လေးမျိုးတို့နည်းဟူမူ-

၁...
ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို ပြောဆို၏၊

၂...
ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ ဂုဏ်ထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆို၏၊

၃...
ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ
မကြည်ညိုသင့်သော အရာ၌ ကြည်ညိုခြင်းကို ဖြစ်စေ၏၊

၎...
ဉာဏ်ဖြင့် မစိစစ် မသက်ဝင်ဘဲ
ကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်းကို ဖြစ်စေ၏၊

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည်...
ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည်...
ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏၊

အဘယ်လေးမျိုးတို့နည်းဟူမူ-
ဉာဏ်ဖြင့် စိစစ်သက်ဝင်၍ ဂုဏ်မထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆို၏၊ ဉာဏ်ဖြင့် စိစစ်သက်ဝင်၍ ဂုဏ်ထိုက်သူ၏ ဂုဏ်ကျေးဇူးကို ပြောဆို၏၊ ဉာဏ်ဖြင့် စိစစ် သက်ဝင်၍ မကြည်ညိုသင့်သော အရာ၌ မကြည်ညိုခြင်းကို ဖြစ်စေ၏၊ ဉာဏ်ဖြင့် စိစစ် သက်ဝင်၍ ကြည်ညိုသင့်သော အရာ၌ ကြည်ညိုခြင်းကို ဖြစ်စေ၏၊

ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

၃ - အဝဏ္ဏာရဟသုတ်၊ မစလ၀ဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။

သာဓု... သာဓု... သာဓု...။