နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 4, 2009

အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူသည်...

တိကပုဂ္ဂလပညတ် - မှ၊

အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း ...

ဤလောက၌ ...
အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊
ထိုပုဂ္ဂိုလ်သည် ...
''ဤမည်သော ရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်း သော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု လျက် ရောက်၍ နေသတတ်''ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ်အခါ၌ ငါသည် လည်း အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေ သာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခု ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့ နည်း'' ဟု ဤအကြံ အစည်မျိုးသည် ဖြစ်၏၊

ဤပုဂ္ဂိုလ်ကိုအရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃ - တိကပုဂ္ဂလပညတ်-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။ ဂါထာ-၉၂


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။