နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, March 14, 2009

ပျက်စီးတတ်သောကြောင့် ''လောက'' ဟုခေါ်သည်...

လောကပဥှာသုတ် ...

ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့။-ပ-။
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏-

အသျှင်ဘုရား ''လောက လောက'' ဟု ဆိုအပ်ပါ၏၊
အဘယ်မျှ လောက်သော အကြောင်းကြောင့် ''လောက'' ဟု ဆိုအပ်ပါသနည်း။

ရဟန်း ပျက်စီးတတ်သောကြောင့် ''လောက'' ဟု ဆိုအပ်၏။
အဘယ်သည် ပျက်စီးတတ်သနည်း၊
ရဟန်း မျက်စိသည် ပျက်စီးတတ်၏၊
အဆင်းတို့သည် ပျက်စီးတတ်ကုန်၏၊
စက္ခုဝိညာဏ်သည် ပျက်စီးတတ်၏၊
စက္ခုသမ္ဖဿသည် ပျက်စီးတတ်၏၊
စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်-
ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ပျက်စီးတတ်၏။ပ။

လျှာသည် ပျက်စီးတတ်၏။ပ။ စိတ်သည် ပျက်စီးတတ်၏၊ သဘောတရားတို့သည် ပျက်စီးတတ်ကုန်၏၊ မနော ဝိညာဏ်သည် ပျက်စီးတတ်၏၊ မနောသမ္ဖဿသည် ပျက်စီးတတ်၏၊ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် ပျက်စီးတတ်၏။

ရဟန်း ...
ထိုသို့ ပျက်စီးတတ်သောကြောင့် ''လောက'' ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

၉ - လောကပဥှာသုတ်၊ ဂိလာန၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။