နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, March 13, 2009

တပည့်တို့ မပူပန်အပ်သော ဆရာ...



တပည့်တို့ မပူပန်အပ်သော ဆရာ...

စုန္ဒ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ထင်ရှား ပွင့်တော်မူ၏၊ တရားသည်လည်း ကောင်းစွာ ဟောအပ်သော တရားဖြစ်၏၊ ကောင်းစွာ သိစေ အပ်သောတရား ဖြစ်၏၊ မဂ်ဖိုလ် ဆိုက်ရောက်ကြောင်း တရားဖြစ်၏၊ ကိလေသာ ငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊

ဘုရားစင်စစ် ဟောအပ်သော တရား ဖြစ်၏။
ထိုမြတ်စွာဘုရား၏ သာသနာ၌ ထိုမြတ်စွာဘုရား၏ တပည့်တို့သည်လည်း သစ္စာ လေးပါး တရားကို သိခြင်းသို့ ရောက်ကြပြီ၊ ထိုတပည့်တို့အား အလုံးစုံပြည့်စုံသော မြတ်သောအကျင့်ကို ထင်ရှားအောင် ပြုအပ်ပြီ၊ ပေါ်လွင်အောင် ပြုအပ်ပြီ၊ အလုံးစုံ သော သာသနာ၏ သဘောကို ပေါင်းစုသော ပုဒ်တို့ဖြင့် တစ်ပေါင်းတည်း ပြုအပ် ပြီ၊ ဝဋ်ဆင်းရဲမှ ထုတ်ဆောင်သော တရားနှင့်တကွ ပြုအပ်ပြီ၊ လူ့ပြည်မှ နတ်ပြည် အထိ ပျံ့နှံ့အောင် ကောင်းစွာ ပြအပ်ပြီ၊ ထိုအခါ ထိုတပည့်တို့၏ ဆရာသည် ကွယ်လွန်၏။

စုန္ဒ ဤသို့သဘောရှိသော ဆရာ ကွယ်လွန်သည်ရှိသော် တပည့်တို့အား ပူပန်ခြင်း မဖြစ်။ အဘယ့်ကြောင့်ဆိုသော် ငါတို့အတွက် ပူဇော်အထူးကို ခံတော်မူထိုက် သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာ ဘုရားသည်လည်း လောက၌ ထင်ရှားပွင့်တော်မူ၏။ တရားသည်လည်း ကောင်း စွာ ဟောအပ်သောတရား ဖြစ်၏၊ ကောင်းစွာ သိစေအပ်သောတရား ဖြစ်၏၊ ဝဋ်မှ ထွက်မြောက်ကြောင်းတရား ဖြစ်၏၊ ကိလေသာငြိမ်းမှုကို ဖြစ်စေတတ်သောတရား ဖြစ်၏၊ ဘုရားစင်စစ် ဟောအပ်သောတရား ဖြစ်၏၊ ငါတို့သည်လည်း သစ္စာလေးပါး တရားကို သိခြင်းသို့ ရောက်ကြပြီ၊ ငါတို့အား အလုံးစုံပြည့်စုံသော မြတ်သော အကျင့်ကို ထင်ရှားအောင် ပြုအပ်ပြီ၊ ပေါ်လွင်အောင် ပြုအပ်ပြီ၊ အလုံးစုံသော သာသနာ၏ သဘောကို ပေါင်းစုသော ပုဒ်တို့ဖြင့် တစ်ပေါင်းတည်း ပြုအပ်ပြီ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်သည်ကို ပြုအပ်ပြီ၊ လူ့ပြည်မှ နတ်ပြည်အထိ ပျံ့နှံ့ အောင် ကောင်းစွာ ပြုအပ်ပြီ၊

ထိုအခါ ငါတို့ဆရာသည် ကွယ်လွန်၏၊ ဤသို့ ဆရာကို မှီ၍ ရောက်အပ်သော တရားသို့ ရောက်ပြီး ဖြစ်သောကြောင့် အားရကျေနပ်၏၊

ထို့ကြောင့်ပေတည်း...
စုန္ဒ ဤသို့သဘောရှိသော ဆရာ ကွယ်လွန်သည်ရှိသော် တပည့်တို့အား ပူပန်ခြင်း မဖြစ်။

ပါသာဒိကသုတ်၊ ပါထိက၀ဂ်ပါဠိတော်။ ဒီဃနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။