နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, March 20, 2009

အနတ္တဆန္ဒာဒိသုတ်...

အနတ္တဆန္ဒာဒိသုတ်...

ရဟန်းတို့
အကြင်တရားသည် အတ္တ မဟုတ်၊ ထိုအတ္တ မဟုတ်သော တရား၌ သင်တို့သည် လိုချင်မှု 'ဆန္ဒ' ကို ပယ်ရမည်။ စွဲမက်မှု 'ရာဂ' ကို ပယ်ရမည်။ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ပယ်ရမည်။

ရဟန်းတို့ အဘယ်တရားသည် အတ္တ မဟုတ်သနည်း...

မျက်စိ သည် အတ္တ မဟုတ်...
ထိုအတ္တ မဟုတ်သော မျက်စိ၌ သင်တို့သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်။
စွဲမက်မှု 'ရာဂ' ကို ပယ်ရမည်။ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ' ကို ပယ်ရမည်။

နား သည် အတ္တ မဟုတ်...
ထိုအတ္တ မဟုတ်သော နား၌ သင်တို့သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်။
စွဲမက်မှု 'ရာဂ' ကို ပယ်ရမည်။ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ' ကို ပယ်ရမည်။

နှာ သည် အတ္တ မဟုတ်...
ထိုအတ္တ မဟုတ်သော နှာ၌ သင်တို့သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်။
စွဲမက်မှု 'ရာဂ' ကို ပယ်ရမည်။ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ' ကို ပယ်ရမည်။

လျှာ သည် အတ္တ မဟုတ်...
ထိုအတ္တ မဟုတ်သော လျှာ၌ သင်တို့သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်။
စွဲမက်မှု 'ရာဂ'ကို ပယ်ရမည်။ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ' ကို ပယ်ရမည်။

ကိုယ်သည် အတ္တ မဟုတ်...
ထိုအတ္တ မဟုတ်သော ကိုယ်၌ သင်တို့သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်။
စွဲမက်မှု 'ရာဂ' ကို ပယ်ရမည်။ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ' ကို ပယ်ရမည်။

စိတ်သည် အတ္တ မဟုတ်...
ထိုအတ္တ မဟုတ်သော စိတ်၌ သင်တို့သည် လိုချင်မှု 'ဆန္ဒ'ကို ပယ်ရမည်။
စွဲမက်မှု 'ရာဂ' ကို ပယ်ရမည်။ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ' ကို ပယ်ရမည်။

ရဟန်းတို့...
အကြင်တရားသည် အတ္တ မဟုတ်...
ထိုအတ္တမဟုတ်သော တရား၌ သင်တို့သည် လိုချင်မှု 'ဆန္ဒ' ကို ပယ်ရမည်။
စွဲမက်မှု 'ရာဂ' ကို ပယ်ရမည်။ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ' ကို ပယ်ရမည် ဟု
မိန့်တော်မူ၏။

၇-၉ - အနတ္တဆန္ဒာဒိသုတ်၊ သဋ္ဌိပေယျာလ၀ဂ်၊ သဠာယတနသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။