နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, March 12, 2009

ဗိုလ်လေးပါး ... စွမ်းပကား... ဗလသုတ်...

ဗလသုတ်- (ခွန်အား၊ စွမ်းပကား) (တည်တံ့သောတရား)

ရဟန်း ဗိုလ်တို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ...

၁။ အသိလိမ္မာ 'ပညာ' ဗိုလ်၊
၂။ အားထုတ်မှု 'ဝီရိယ' ဗိုလ်၊
၃။ အပြစ်ကင်းမှု 'အနဝဇ္ဇ' ဗိုလ်၊
၎။ ချီးမြှောက်မှု 'သင်္ဂဟ' ဗိုလ်တို့တည်း။

ရဟန်းတို့ ပညာဗိုလ် ဟူသည် အဘယ်နည်း...
ကုသိုလ် ဖြစ်ကုန်သော ကုသိုလ် ဟု သိအပ်ကုန်သော, အကုသိုလ် ဖြစ်ကုန်သော အကုသိုလ်ဟု သိအပ်ကုန်သော, အပြစ်ရှိကုန်သော အပြစ်ရှိ၏ ဟု သိအပ်ကုန် သော, အပြစ် မရှိကုန်သော အပြစ်မရှိ ဟု သိအပ်ကုန်သော, မည်းညစ်ကုန်သော မည်းညစ်၏ဟု သိအပ်ကုန်သော, ဖြူစင်ကုန်သော ဖြူစင်၏ဟု သိအပ်ကုန်သော, မှီဝဲ အပ်ကုန်သော မှီဝဲအပ်၏ဟု သိအပ်ကုန်သော, မမှီဝဲ အပ်ကုန်သော မမှီဝဲအပ် ဟု သိအပ်ကုန်သော, အရိယာတို့အား မလျော်ကုန်သော အရိယာတို့အား မလျော် ဟု သိအပ်ကုန်သော , အရိယာတို့အား လျော်ကုန်သော အရိယာတို့အား လျော်၏ ဟု သိအပ်ကုန်သော, တရားတို့ကို ထိုရဟန်းသည် ပညာဖြင့် ကောင်းစွာ မြင်အပ် ကုန်၏၊ ကောင်းစွာ လေ့လာအပ်ကုန်၏။
ရဟန်းတို့ ဤတရားကို ပညာဗိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ဝီရိယဗိုလ်ဟူသည် အဘယ်နည်း...

အကုသိုလ် ဖြစ်ကုန်သော အကုသိုလ်ဟု သိအပ်ကုန်သော, အပြစ်ရှိကုန်သော အပြစ်ရှိ၏ဟု သိအပ်ကုန်သော, မည်းညစ်ကုန်သော မည်းညစ်၏ဟု သိအပ်ကုန် သော, မမှီဝဲအပ်ကုန်သော မမှီဝဲအပ်ဟု သိအပ်ကုန်သော, အရိယာတို့အား မ လျော်ကုန်သော အရိယာတို့အား မလျော်ဟု သိအပ်ကုန်သော တရားတို့ကို ပယ် ရန် အလိုဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက် ၏၊ အပြားအားဖြင့် ထား၏။ ကုသိုလ် ဖြစ်ကုန်သော ကုသိုလ်ဟု သိအပ်ကုန်သော,
အပြစ် မရှိကုန်သော အပြစ်မရှိ ဟု သိအပ်ကုန်သော, ဖြူစင်ကုန်သော ဖြူစင်၏ ဟု သိအပ်ကုန်သော, မှီဝဲအပ်ကုန်သော မှီဝဲအပ်၏ဟု သိအပ်ကုန်သော, အရိယာ တို့အား လျော်ကုန်သော အရိယာတို့အား လျော်၏ဟု သိအပ်ကုန်သော, တရားတို့ ကို ရရန် အလိုဆန္ဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယကို အားထုတ်၏၊ စိတ်ကို ချီးမြှောက်၏၊ အပြားအားဖြင့် ထား၏၊
ရဟန်းတို့ ဤတရားကို ဝီရိယဗိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ အနဝဇ္ဇဗိုလ် ဟူသည် အဘယ်နည်း...
ရဟန်းတို့ သာသနာတော်၌ ရဟန်းသည် အပြစ်ကင်းသော ကာယကံနှင့် ပြည့်စုံ ၏၊ အပြစ်ကင်းသော ဝစီကံနှင့် ပြည့်စုံ၏၊ အပြစ်ကင်းသော မနောကံနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤတရားကို အနဝဇ္ဇဗိုလ် ဟု ဆိုအပ်၏။

ရဟန်းတို့ သင်္ဂဟဗိုလ် ဟူသည် အဘယ်နည်း...
ရဟန်းတို့ ချီးမြှောက်ကြောင်း သင်္ဂဟဝတ္ထုတို့ကား-

ပေးလှူမှု 'ဒါန'၊
ချစ်ဖွယ်ပြောဆိုမှု 'ပေယျဝဇ္ဇ'၊
အကျိုးစီးပွါးကို ပြုကျင့်မှု 'အတ္ထစရိယာ'၊
ကိုယ်တူထားမှု 'သမာနတ္တတာ'တို့တည်း။

ရဟန်းတို့ ...
ပေးလှူမှု 'ဒါန' တို့တွင် တရားကို ပေးလှူမှု 'ဓမ္မဒါန'သည် အမြတ်ဆုံးတည်း၊

ရဟန်းတို့...
ချစ်ဖွယ် ပြောဆိုမှု 'ပေယျဝဇ္ဇ'တို့တွင် အလိုရှိ၍ နားထောင်သူအား ထပ်ကာ ထပ် ကာ တရားဟောမှုသည် အမြတ်ဆုံးတည်း၊

ရဟန်းတို့ ...
အကျိုးစီးပွါးကို ကျင့်ပြုမှု 'အတ္ထစရိယာ'တို့တွင် သဒ္ဓါတရား မရှိသူကို သဒ္ဓါတရား နှင့် ပြည့်စုံစေရန် ဆောက်တည်စေမှု သွတ်သွင်းမှု တည်စေမှု၊ သီလမရှိသူကို သီလနှင့် ပြည့်စုံစေရန်၊ ဝန်တို 'နှမြော' သူကို စွန့်ကြဲမှု 'စာဂ' နှင့် ပြည့်စုံစေရန်၊ ပညာ မရှိသူကို ပညာနှင့် ပြည့်စုံစေရန် ဆောက်တည်စေမှု သွတ်သွင်းမှု တည်စေ မှုသည် အမြတ်ဆုံးတည်း။

ရဟန်းတို့ ...
ကိုယ်တူထားမှု 'သမာနတ္တတာ' တို့တွင် သောတာပန်သည် သောတာပန်အား ကိုယ်တူထားမှု၊ သကဒါဂါမ်သည် သကဒါဂါမ်အား ကိုယ်တူထားမှု၊ အနာဂါမ်သည် အနာဂါမ်အား ကိုယ်တူထားမှု၊ ရဟန္တာသည် ရဟန္တာအား ကိုယ်တူထားမှုသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤကိုယ်တူထားမှု သဘောတရားကို သင်္ဂဟဗိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ဤသည်တို့ကား ဗိုလ်လေးပါးတို့တည်း။

ရဟန်းတို့ ဤဗိုလ်လေးပါးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် ဘေးငါးမျိုးတို့ ကို လွန်မြောက်သူ ဖြစ်၏၊

အဘယ်ငါးမျိုးတို့နည်းဟူမူ...
၁။ အသက်မွေးမှုဘေး၊
၂။ ကျော်စောမဲ့ဘေး၊
၃။ ပရိသတ် ကြောက်ရွံမှုဘေး၊
၎။ သေဘေး၊
၅။ မကောင်းရာသို့ လားရောက်မှု 'ဒုဂ္ဂတိ' ဘေးတို့တည်း။

ရဟန်းတို့ ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်၏၊ ''ငါသည် အသက်မွေးမှု ဘေးကို မကြောက်၊ ငါသည် အဘယ်ကြောင့် အသက်မွေးမှုဘေးကို ကြောက်ရ မည်နည်း၊ ငါ့အား ပညာဗိုလ် ဝီရိယဗိုလ် အနဝဇ္ဇဗိုလ် သင်္ဂဟဗိုလ် ဟူသော ဗိုလ် လေးပါးတို့သည် ရှိကုန်၏၊

ပညာမဲ့သူသည် အသက်မွေးမှုဘေးကို ကြောက်ရာ၏၊
ပျင်းရိသူသည် အသက်မွေးမှုဘေးကို ကြောက်ရာ၏၊
ကံသုံးပါး အပြစ်ရှိသူသည် အသက်မွေးမှု ဘေးကို ကြောက်ရာ၏။
ချီးမြှောက်မှု မရှိသူသည် အသက်မွေးမှုဘေးကို ကြောက်ရာ၏၊

ငါသည် ကျော်စောမဲ့ ဘေးကို မကြောက်။ပ။ ငါသည် ပရိသတ် ကြောက်ရွံ့မှုဘေး ကိုမကြောက်။ ငါသည် သေဘေးကို မကြောက်။ ငါသည် မကောင်းရာသို့ လား ရောက်မှု 'ဒုဂ္ဂတိ' ဘေးကိုမကြောက်။ ငါသည် အဘယ့်ကြောင့် မကောင်းရာသို့ လားရောက်မှု 'ဒုဂ္ဂတိ' ဘေးကို ကြောက်ရမည်နည်း၊ ငါ့အား ပညာဗိုလ် ဝီရိယဗိုလ် အနဝဇ္ဇဗိုလ် သင်္ဂဟဗိုလ် ဟူသော ဗိုလ်လေးပါးတို့သည် ရှိကုန်၏၊ ပညာမဲ့သူသည် မကောင်းရာသို့ လားရောက်မှု 'ဒုဂ္ဂတိ' ဘေးကို ကြောက်ရာ၏၊ ပျင်းရိသူသည် မကောင်းရာသို့ လားရောက်မှု 'ဒုဂ္ဂတိ' ဘေးကို ကြောက်ရာ၏၊ ကာယကံ ဝစီကံ မနောကံ အပြစ်ရှိသူသည် မကောင်းရာသို့ လားရောက်မှု 'ဒုဂ္ဂတိ' ဘေးကို ကြောက်ရာ၏၊ ချီးမြှောက်မှု မရှိသူသည် မကောင်းရာသို့ လားရောက်မှု 'ဒုဂ္ဂတိ' ဘေးကို ကြောက်ရာ၏ ဟု (ဆင်ခြင်၏)။

ရဟန်းတို့ ဤဗိုလ်လေးမျိုးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် ဤဘေးငါးမျိုး တို့ကို လွန်မြောက်၏ ဟု (မိန့်တော်မူ၏)။

၅ - ဗလသုတ်၊ သမ္ဗောဓိဝဂ်၊ န၀ကနိပါတ်၊ အင်္ဂုတ္တိုရ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။