နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 4, 2009

မှီဝဲအပ် ဆည်းကပ်အပ်သော ပုဂ္ဂိုလ်...

မှီဝဲအပ် ဆည်းကပ်အပ်သော ပုဂ္ဂိုလ်...

မှီဝဲအပ် ဆည်းကပ်အပ် ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်သည် အဘယ်နည်း...

ဤလောက၌ ...
အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊
ကောင်းသော အကျင့်လည်း ရှိ၏၊
ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။ ထိုသို့ မှီဝဲအပ်သည်၏ အဖြစ်သည် အဘယ့်ကြောင့်နည်း၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်၏ အယူကို အစဉ်လိုက်ခြင်းသို့ အကယ်၍ မရောက်ငြားသော်လည်း...

ဤသူကား ...
ကောင်းသော မိတ်ဆွေရှိ၏၊
ကောင်းသော အဖော်သဟဲရှိ၏၊
ကောင်းသော အပေါင်းအဖော်၌ ညွတ်ကိုင်း၏'' ဟု ထိုပုဂ္ဂိုလ်၏ ကောင်းသော သတင်းသည် ပျံ့နှံ့၍ တက်၏၊ ထို့ကြောင့် ဤကဲ့သို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။

၃ - တိကပုဂ္ဂလပညတ်-ဂါထာ-၁၂၆၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။