နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, April 10, 2009

ပြာဋိဟာသုံးပါး... အံ့သြဖွယ်သောအဖြစ်...

ပြာဋိဟာ... ပါဋိဟာရိယ... အံ့သြဖွယ်သောအဖြစ်...

ကေဝဋ္ဋ ...
ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ...
ငါဟောကြားထားသော ဤ ပြာဋိဟာ တို့သည် သုံးပါးရှိကုန်၏၊

သုံးပါးတို့ဟူသည် အဘယ်နည်း...

တန်ခိုး ပြာဋိဟာ 'ဣဒ္ဓိပါဋိဟာရိယ'၊
အတပ်ဟောခြင်း ပြာဋိဟာ 'အာဒေသနာပါဋိဟာရိယ' နှင့်
ဆုံးမခြင်း ပြာဋိဟာ ' အနုသာသနီပါဋိဟာရိယ' တို့ပေတည်း။483


ကေဝဋ္ဋသူကြွယ်သားဝတ္ထု၊ ကေဝဋ္ဋသုတ်၊ သီလက္ခန္ဓ၀ဂ္ဂပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။