နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, April 12, 2009

ပေးလှူအပ်သော သင်္ကန်းကို ဝတ်ရုံခြင်းထက်...

အဂ္ဂိက္ခန္ဓောပမသုတ်-မှ...

ရဟန်းတို့ ...
ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊

ခွန်အားရှိသော ယောက်ျားသည် တပြောင်ပြောင် တောက်လောင်လျက် အခိုး အလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူသော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ရာ၏။ မင်းမျိုး၌ဖြစ်၍ များသောဥစ္စာနှစ် ရှိကုန်သော သူတို့၏ သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏ သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော သင်္ကန်းကို ဝတ်ရုံ သုံးဆောင်ရာ၏၊

(ထိုနှစ်မျိုးတို့တွင်) အဘယ်အရာသည် မြတ်သနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ဖြစ်၍ များသောဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း၊ ပုဏ္ဏားမျိုး၌ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော သင်္ကန်းကို ဝတ်ရုံ သုံးဆောင်ခြင်းသည် သာလျှင် မြတ်ပါ၏။ ခွန်အားရှိသော ယောက်ျားသည် တပြောင်ပြောင် တောက် လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူ သော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ခြင်းသည် ဆင်းရဲလှပါ၏ ဟု (လျှောက်ကြကုန် ၏)။

ရဟန်းတို့ သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ပ။ ယောက်သွားပုပ်နှင့် တူသော သဘောရှိသော ထိုပုဂ္ဂိုလ်အား ခွန်အားရှိသော ယောက်ျားသည် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့်တကွ ဖြစ်သော လောလောပူသော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ခြင်းသည် သာလျှင် မြတ်၏။

ထိုသို့ မြတ်ခြင်းသည် အဘယ့်ကြောင့်နည်း။

ရဟန်းတို့ ထိုလောလောပူသော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ခြင်း ဟူသော အ ကြောင်းကြောင့် ထိုပုဂ္ဂိုလ်သည် သေခြင်းသို့မူလည်း ရောက်ရာ၏၊ သေလောက် သော ဆင်းရဲသို့မူလည်း ရောက်ရာ၏၊ ထိုလောလောပူသော သံပြားဖြင့် ကိုယ်ကို ရစ်ပတ်ခြင်းတည်း ဟူသော အကြောင်းကြောင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည် မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့မူကား မကျရောက်ရာ။

ရဟန်းတို့ ယောက်သွားပုပ်နှင့်တူသော သဘောရှိသော။ပ။ ပုဂ္ဂိုလ်အား မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ် ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန် သော သူတို့၏သော် လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော သင်္ကန်းကို ဝတ်ရုံသုံး ဆောင်ခြင်းသည် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီး သည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ရ၏။ (၄)

၈ - အဂ္ဂိက္ခန္ဓောပမသုတ်-မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။၇၂

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။