နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, April 16, 2009

ယုံကြည်မှု...

ပဌမ သဒ္ဓါသုတ်-

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ သီလကား မရှိ၊ ဤသို့ဖြစ်သော် ထို ရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။ ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါရှိသူသည် လည်းကောင်း၊ သီလရှိသူသည် လည်းကောင်း ဖြစ်ပါအံ့နည်း'' ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်။ ရဟန်းတို့ အကြင် အခါ၌ကား ရဟန်းသည် သဒ္ဓါ တရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ (ထိုအခါ) ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ ရဟန်းသည် ...

သဒ္ဓါတရားလည်း ရှိ၏၊
သီလလည်း ရှိ၏၊
များသော အကြားအမြင် 'ဗဟုသုတ'ကား မရှိ၊
ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံသူဖြစ်၏။ ထို့ကြောင့်''ငါသည် အဘယ်သို့လျှင် သဒ္ဓါရှိသူသည် လည်းကောင်း၊ သီလရှိသူသည် လည်း ကောင်း၊ ဗဟုသုတရှိသူသည် လည်းကောင်း ဖြစ်ရပါအံ့နည်း'' ဟု ထိုအင်္ဂါကို ပြည့်စုံစေရ မည်။

ရဟန်းတို့ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ များသောအကြားအမြင် ဗဟုသုတလည်း ရှိ၏၊ (ထိုအခါ) ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံသူဖြစ်၏။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ 'ဓမ္မကထိက' ကား မဟုတ်။ပ။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌ ကျက်စားသူကား မဟုတ်။ပ။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌ ကျက်စားသူလည်း ဟုတ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောတတ်သူကား မဟုတ်။ပ။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌ ကျက်စားသူလည်း ဟုတ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောတတ်သူလည်း ဟုတ်၏၊ လွန်မြတ် သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန် သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရသူ မငြိုမငြင် ရသူ မပင်မပန်းရသူကား မဟုတ်။ပ။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌ ကျက်စားသူလည်း ဟုတ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောတတ်သူလည်း ဟုတ်၏၊ လွန်မြတ် သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန် သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်း ရသူလည်း ဟုတ်၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ် မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုကာ ကပ်ရောက်၍ကား မနေရ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ထို့ကြောင့် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရား ရှိသူသည် လည်းကောင်း၊ သီလ ရှိသူသည် လည်းကောင်း၊ ဗဟုသုတရှိသူသည် လည်းကောင်း၊ တရားဟောသူ ဓမ္မကထိကသည် လည်းကောင်း၊ ပရိသတ်၌ ကျက်စားသူသည် လည်းကောင်း၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောနိုင်သူသည် လည်းကောင်း၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာနေကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူသည် လည်း ကောင်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ မရှိသော လွတ် မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက် ပြုကာ ကပ်ရောက်၍ နေရသူ ဖြစ်ရပါအံ့နည်း'' ဟု ထိုအင်္ဂါကို ပြည့်စုံစေရမည်။

ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ များသော အကြားအမြင် ဗဟုသုတလည်း ရှိ၏၊ တရားဟောသူ ဓမ္မကထိကလည်း ဟုတ်၏၊ ပရိသတ်၌လည်း ကျက်စား၏၊ ပရိသတ်၌ ရဲရဲရင့်ရင့်လည်း တရား ဟောနိုင်၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်း ဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူလည်း ဟုတ်၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ မရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ကပ်ရောက်၍လည်း နေရ၏၊ (ထိုအခါ) ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါ နှင့် ပြည့်စုံသူ ဖြစ်၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ထက်ဝန်းကျင် ကြည်ညိုဖွယ် ရှိသူသည် လည်းကောင်း၊ အခြင်းအရာ အလုံးစုံနှင့် ပြည့်စုံသူသည် လည်းကောင်း ဖြစ်၏ ဟု (မိန့်တော်မူ၏)။71

၁ - ပဌမ သဒ္ဓါသုတ်၊ ယမက၀ဂ်၊ အဋ္ဌကနိပါတ်၊ အဂုင်္တ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။