နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, April 6, 2009

ဆည်းပူး စုဆောင်းခြင်း ...

သန္ထာရဝဂ်-၁၆၂

ရဟန်းတို့ ဆည်းပူး စုဆောင်းခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁။ ပစ္စည်းကို ဆည်းပူး စုဆောင်းခြင်း 'အာမိသသန္နိစယ' လည်းကောင်း၊
၂။ တရားကို ဆည်းပူး စုဆောင်းခြင်း 'ဓမ္မသန္နိစယ' လည်းကောင်းတို့တည်း။

ရဟန်းတို့ ဆည်းပူး စုဆောင်းခြင်း တို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ဤဆည်းပူး စုဆောင်းခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို ဆည်းပူး စုဆောင်းခြင်းသည် ရှိ၏၊ ထိုတရားကို ဆည်းပူး စုဆောင်းခြင်းသည် မြတ်ပေသ တည်း ဟု (မိန့်တော်မူ၏)။ (၁၁)

သန္ထာရဝဂ်-၁၆၂၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။