နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, April 16, 2009

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး...

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး

အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် နတ်တို့အရှင် သိကြားမင်းအား ဤ စကားကိုဆို၏၊ ''နတ်တို့အရှင် သိကြားမင်း တောင်းပန်ပါ၏၊ အကျွန်ုပ်တို့ သည်လည်း ထိုမြတ်စွာဘုရား၏ မဖောက်မပြန် ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို နာကြားလိုပါကုန်၏'' ဟု (ဆိုပါ၏)။

အသျှင်ဘုရား နတ်တို့အရှင် သိကြားမင်းသည် ''ကောင်းပါပြီ အသျှင်ဗြဟ္မာကြီး'' ဟု သနင်္ကုမာရ ဗြဟ္မာအား ဝန်ခံ၍ မြတ်စွာဘုရား၏ မဖောက်မပြန် ဟုတ်မှန် သော ဂုဏ်ရှစ်ပါးတို့ကို ဟောကြား၏။

အသျှင်ဗြဟ္မာကြီးသည် ထိုအရာကို အဘယ်သို့ မှတ်ထင်ပါသနည်း၊

၁...
ထိုမြတ်စွာဘုရားသည် ...
လူအများ၏စီးပွါး ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူ တို့၏ အကျိုးစီးပွါး ချမ်းသာ အလို့ငှါလွန်စွာကျင့်တော်မူပါပေ၏၊ ဤသို့လူအများ ၏ စီးပွါးချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ကျင့်တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာ ကိုရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၁)

၂...
ထိုမြတ်စွာဘုရား၏ ...
တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါ ပေတည်း၊
ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးကို ပေး တတ်သော တရားတော်ပါ ပေတည်း၊ လာလှည့်ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက် သော တရားတော်ပါ ပေတည်း၊ (မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌) ဆောင်ယူထား ထိုက်သော တရားတော်ပါ ပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါ ပေတည်း။ ဤသို့ (မိမိ၏ ကိုယ်ထဲ စိတ် ထဲ၌) ဆောင်ယူထား ထိုက်သော တရားတော်ကို ဟောတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရ ပါကုန်။ (၂)

၃...
ထိုမြတ်စွာဘုရားသည် ...
''ဤကား ကုသိုလ်တည်း'' ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊
''ဤကား အကုသိုလ်တည်း'' ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏၊ ''ဤကား အပြစ်ရှိ၏၊ ဤကား အပြစ်မရှိ။ ဤကား မှီဝဲအပ်၏၊ ဤကား မမှီဝဲအပ်။ ဤကား ယုတ်၏၊ ဤကား မြတ်၏။ ဤကား မည်းညစ်သော အဖို့, ဖြူစင်သောအဖို့ ရှိ၏'' ဟု ကောင်းစွာ ဟောပြတော်မူပါပေ၏။ ဤသို့ ကုသိုလ် အကုသိုလ်, အပြစ်ရှိ အပြစ်မရှိ, မှီဝဲအပ် မမှီဝဲအပ်, အယုတ် အမြတ်, မည်းညစ်သောအဖို့ ဖြူစင် သော အဖို့ရှိသော တရားတို့ကို ဟောပြတော်မူ တတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံ သော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရ ပါကုန်၊ ယခုလည်း ထိုမြတ်စွာ ဘုရားမှတစ်ပါး ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ (၃)

၎...
ထိုမြတ်စွာဘုရားသည် ...
တပည့်တို့အား နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ကောင်းစွာ ဟောကြား တော် မူပါပေ၏၊ နိဗ္ဗာန်နှင့် အကျင့်သည် နှီးနှော ဆက်စပ်လျက် ရှိပါပေ၏၊ ဥပမာအားဖြင့် ဂင်္ဂါမြစ်ရေသည် ယမုနာမြစ် ရေနှင့် နှီးနှောဆက်စပ်လျက် တပေါင်းတည်းဖြစ်သကဲ့သို့၊ ဤအတူပင် ထိုမြတ်စွာဘုရားသည် တပည့်တို့အား နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ကောင်းစွာ ဟောကြားတော်မူပါ ပေ၏၊ နိဗ္ဗာန်နှင့်အကျင့်သည် နှီးနှောဆက်စပ်လျက် ရှိပါပေ၏၊ ဤသို့နိဗ္ဗာန်သို့ ရောက် ကြောင်းအကျင့်ကို ဟောကြားတော်မူတတ်သည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာ ဘုရားမှတစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။

၅...
ထိုမြတ်စွာဘုရားအား ...
လာဘ်သပ်ပကာ အကျော်အစောသည် မင်းများပင် ဝမ်းသာအားရ ဖြစ်နေ ကြသည်ဟု ထင်ရလောက်အောင် အလွန်ပြည့်စုံ ပါပေ၏။ သို့သော်လည်း ထို မြတ်စွာဘုရားသည်ကား မာန်ယစ်ခြင်း ကင်းလျက် အစာအာဟာရကို ဘုဉ်းပေး တော်မူပါပေ၏၊ ဤသို့ မာန်ယစ်ခြင်း ကင်းလျက် အစာအာဟာရကို ဘုဉ်းပေး တော်မူသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့ မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရ ပါကုန်။

၆...
ထိုမြတ်စွာဘုရားသည် ...
ကျင့်သုံးဆဲ သေက္ခပုဂ္ဂိုလ်နှင့် ကျင့်သုံးပြီး ရဟန္တာပုဂ္ဂိုလ်ဟူသော အဖော်များ ရှိနေပါသော်လည်း ထိုအဖော်များကို စွန့်ခွါ၍ တစ်ပါးတည်း မွေ့လျော်လျက် နေ တော်မူပါပေ၏။ ဤသို့ တစ်ပါးတည်း မွေ့လျော်သည့် ဤအင်္ဂါနှင့် ပြည့်စေုံ သာ ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင် ရပါကုန်၊ ယခုလည်း ထိုမြတ်စွာ ဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။

၇...
ထိုမြတ်စွာဘုရားသည် ဟောပြောသည့်အတိုင်း ပြုကျင့်လေ့ရှိတော်မူပါပေ၏၊ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိတော်မူပါပေ၏၊ ဤသို့ ဟောပြောသည့် အတိုင်း ပြုကျင့်လေ့ရှိ၍ ပြုကျင့်သည့်အတိုင်း ဟောပြောလေ့ရှိလျက် ဤနည်း ဖြင့် (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကိုကျင့်သည့် ဤ အင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးကလည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။

၈...
ထိုမြတ်စွာဘုရားသည် ...
မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှား ခြင်း 'ဝိစိကိစ္ဆာ' ခရီးခဲကို ကူးမြောက်ပြီး ဖြစ်တော်မူပါပေ၏၊ သို့လော သို့လော တွေးတောခြင်း ကင်းပြီး ဖြစ်တော်မူပါပေ၏၊ အလုံးစုံပြီးမြောက်သော နှလုံး အလို ရှိတော်မူပါပေ၏၊ ဤသို့ မြတ်သော မှီရာဖြစ်သော အာဒိဗြဟ္မစရိယဖြင့် အလုံးစုံသော တရားတို့၌ ယုံမှားခြင်း 'ဝိစိကိစ္ဆာ' ခရီးခဲကို ကူးမြောက်ပြီး ဖြစ်လျက် သို့လောသို့လော တွေးတောခြင်း ကင်းပြီဖြစ်လျက် အလုံးစုံပြီး မြောက်သော နှလုံးအလို ရှိသည့် ဤအင်္ဂါနှင့် ပြည့်စုံသော ဆရာကို ရှေးက လည်း ကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်၊ ယခုလည်း ထိုမြတ်စွာဘုရားမှ တစ်ပါး အကျွန်ုပ်တို့ မတွေ့မြင်ရပါကုန်။ 302

မြတ်စွာဘုရား၏ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို နတ်တို့အရှင် သိကြားမင်းသည် သနင်္ကုမာရဗြဟ္မာအား ဟောပြောပါသည် အသျှင်ဘုရား။

အသျှင်ဘုရား ထိုသို့ (သိကြားမင်းဟောပြောသော) ကြောင့် သနင်္ကုမာရဗြဟ္မာ သည် မြတ်စွာဘုရား၏ မဖောက်မပြန် ဟုတ်မှန်သော ဂုဏ်ရှစ်ပါးတို့ကို ကြားနာ ရ၍ ဝမ်းမြောက်ဝမ်းသာ နှစ်ခြိုက် ရွှင်ပြလျက် ရှိပါ၏။

အသျှင်ဘုရား ထိုအခါ သနင်္ကုမာရဗြဟ္မာသည် ကြမ်းတမ်းထင်ရှားသော အတ္တ ဘောကို ဖန်ဆင်းလျက် ဦးစွန်းငါးခုရှိသော သတို့သားအသွင်ဖြင့် တာဝတိံသာ နတ်တို့၏ (မျက်မှောက်၌) ထင်ရှား ပေါ်လာပါ၏။ ထိုဗြဟ္မာသည် ကောင်းကင် သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေ ပါ၏။

အသျှင်ဘုရား ခွန်အားရှိသော ယောက်ျားသည် ကောင်းစွာ ခင်းထားသော ပလ္လင်၌ဖြစ်စေ ညီညွတ်သော မြေပြင်၌ဖြစ်စေ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသကဲ့ သို့၊ အသျှင်ဘုရား ဤအတူပင် သနင်္ကုမာရဗြဟ္မာသည် ကောင်းကင်သို့ ပျံတက်၍ ဟင်းလင်းအပြင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေထိုင်နေပြီးလျှင် တာဝတိံသာ နတ်တို့ကို (ဤသို့) ပြောဆိုပါ၏။303 မဆက်တော့ပါ။

မဖောက်မပြန် ဟုတ်မှန်သောဂုဏ် ရှစ်ပါး၊ မဟာဂေါဝိန္ဒသုတ်၊ မဟာဝဂ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။