နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, April 3, 2009

သူနာနှင့် တူသော ပုဂ္ဂိုလ် သုံးယောက်...

သူနာနှင့် တူသော ပုဂ္ဂိုလ် သုံးယောက်...

၁...
ဤလောက၌ အချို့သော သူနာသည် သင့်တင့်သော အစာဘောဇဉ်တို့ကိုရသော် လည်းကောင်း, မရသော် လည်းကောင်း၊ သင့်တင့်သော ဆေးဝါးဓာတ်စာတို့ကို ရသော် လည်းကောင်း, မရသော်လည်းကောင်း၊ လျောက်ပတ်သော အလုပ် အကျွေးကို ရသော်လည်းကောင်း, မရသော်လည်းကောင်း ထိုအနာရောဂါမှ မထ။

၂...
ဤလောက၌ အချို့သော သူနာသည်ကား သင့်တင့်သော အစာဘောဇဉ်တို့ကို ရသော် လည်းကောင်း, မရသော်လည်းကောင်း၊ သင့်တင့်သော ဆေးဝါးဓာတ်စာ တို့ကို ရသော်လည်းကောင်း, မရသော် လည်းကောင်း၊ လျောက်ပတ်သော အလုပ် အကျွေးကို ရသော်လည်းကောင်း, မရသော်လည်းကောင်း ထိုအနာရောဂါမှ ထ၏။

၃...
ဤလောက၌ အချို့သော သူနာသည်ကား သင့်တင့်သော အစာဘောဇဉ်တို့ကို ရသော် ထိုအနာရောဂါမှ ထ၏။ မရသော် မထ၊ သင့်တင့်သော ဆေးဝါးဓာတ်စာတို့ ကို ရသော် ထိုအနာရောဂါမှ ထ၏။ မရသော်မထ၊ လျောက်ပတ်သော အလုပ် အကျွေးတို့ကိုရသော် ထိုအနာရောဂါမှ ထ၏။ မရသော်မထ။

ထိုဥပမာစကားရပ်၌ အကြင်သူနာသည် သင့်တင့်သော အစာဘောဇဉ် ဆေး အလုပ်အကျွေးတို့ကို ရသော် ထိုအနာရောဂါမှ ထ၏။ မရသော်မထ။ ဤသူနာကို ရည်ရွယ်၍ မြတ်စွာဘုရားသည် သူနာအား လျောက်ပတ်သော ဆွမ်း ဆေး အလုပ် အကျွေးကို ခွင့်ပြုတော်မူအပ်၏၊ ဤသူနာကို စွဲ၍ အခြားသော သူနာတို့ကိုလည်း လုပ်ကျွေးအပ်ကုန်၏။

ဤအတူသာလျှင်...
သူနာနှင့်တူသော ပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏။
သုံးယောက်တို့သည် အဘယ်တို့နည်းဟူမူကား-

၁...
ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ...
မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ရသော် လည်းကောင်း, မရသော် လည်းကောင်း၊ မြတ်စွာဘုရားသည် ဟောအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာခြင်းငှါ ရသော် လည်းကောင်း, မရသော် လည်းကောင်း၊ ကုသိုလ်တရားတို့၌ မဖောက် မပြန်သော သဘောရှိသော မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော အရိယမဂ်သို့ မသက်ရောက်။

၂...
ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ရသော် လည်းကောင်း, မရသော် လည်းကောင်း၊ မြတ်စွာဘုရားသည် ဟောအပ် သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာခြင်းငှါ ရသော်လည်းကောင်း, မရသော် လည်းကောင်း၊ ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော အရိယမဂ်သို့ သက်ရောက်၏။

၃...
ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ရသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော အရိယမဂ်သို့ သက်ရောက်၏၊ မရသော် မသက်ရောက်။ မြတ်စွာဘုရားသည် ဟောအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော အရိယမဂ်သို့ သက်ရောက်၏၊ မရသော် မသက်ရောက်။

ထိုပုဂ္ဂိုလ်သုံးယောက်တို့တွင် ...
အကြင်ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါရသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်း ဖြင့် မြဲသောအရိယမဂ်သို့ သက်ရောက်၏၊ မရသော်မသက်ရောက်။ မြတ်စွာဘုရား သည် ဟောအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာခြင်းငှါရသော် ကုသိုလ် တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏ အခြားမဲ့၌ အကျိုးပေးသည် ၏ အစွမ်းဖြင့် မြဲသော အရိယမဂ်သို့ သက်ရောက်၏၊ မရသော် မသက်ရောက်။ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ မြတ်စွာဘုရားသည် တရားဟောခြင်းကို ခွင့်ပြုတော် မူအပ်၏၊ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်တို့အားလည်း တရားကို ဟောအပ်၏၊

လူနာနှင့်တူသော ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏။ 94

တိကပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။