နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 15, 2009

ပျက်စီးစေလိုမှုတွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

အာဟာရသုတ်-မှ...

ပျက်စီးစေလိုမှု 'ဗျာပါဒ'တွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

ရဟန်းတို့ ...
မဖြစ်သေးသော ပျက်စီးစေလိုမှု'ဗျာပါဒ'ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။

ရဟန်းတို့ ...
ထိပါးမှု 'ပဋိဃ' နိမိတ်အာရုံသည် ရှိ၏၊ ထိုပဋိဃနိမိတ်အာရုံ၌ မသင့်လျော်သော အားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေ လိုမှု 'ဗျာပါဒ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း တည်း။ 232-2

ရဟန်းတို့ ...
မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေ လိုမှု 'ဗျာပါဒ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားကား အဘယ်နည်း။

ရဟန်းတို့ ...
စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်သော 'စေတောဝိမုတ္တိ' မည်သော
မေတ္တာ သည် ရှိ၏၊ ထိုမေတ္တာ၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို အတိုင်းထက်အလွန် ဖြစ်စေ ရန် ပြန့်ပြောစေရန် အကြောင်း မဟုတ်သော တရားတည်း။ 232-2

၁ - အာဟာရသုတ်၊ သာကစ္ဆ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ၊ ငါးပါးလုံးသို့ --->

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။