နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 15, 2009

မဝေခွဲနိုင်မှုတွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...


အာဟာရသုတ်-မှ...

ဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' တွေ ဖြစ်ပေါ်ကြောင်းနှင့် ချုပ်ငြိမ်းကြောင်း...

ရဟန်းတို့ ...
မဖြစ်သေးသော မဝေခွဲ
နိုင်မှု 'ဝိစိကိစ္ဆာ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းကား အဘယ်နည်း။

ရဟန်းတို့ ...
မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ၏ တည်ရာ အာရုံတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ မသင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်းတည်း။ 232-5

ရဟန်းတို့ ...
မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြောစေရန် အကြောင်း မဟုတ် သော တရားကား အဘယ်နည်း။

ရဟန်းတို့ ...
ကုသိုလ် အကုသိုလ်တရား၊ အပြစ်ရှိ အပြစ်မဲ့တရား၊ အယုတ်အမြတ်တရား၊ အကျိုးတူ အဖို့ရှိသည့် အမည်းအဖြူဖြစ်သော တရားတို့သည် ရှိကုန်၏။ ထိုတရား တို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင် တည်း။ ဤသည်ကား မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော
မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို အတိုင်းထက်အလွန် ဖြစ်စေရန် ပြန့်ပြော စေရန် အကြောင်း မဟုတ်သော တရားတည်း။ 232-5

၁ - အာဟာရသုတ်၊ သာကစ္ဆ၀ဂ်၊ မဟာဝဂ္ဂသံယုတ်
ပါဠိတော်...။

ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ဝိစိကိစ္ဆာ၊ ငါးပါးလုံးသို့ --->



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။