နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, May 3, 2009

အစိတ်တစ်ရာစိတ်၍ ...

ပထဝီသုတ်- (မြေ)

သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။
ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် မြေကြီးပေါ်၌ ဆီးစေ့မျှ လောက်သော မြေစိုင်ခဲခုနစ်ခုတို့ကို ချထားရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ တစ်နေရာ၌ ချထားအပ်သော ဆီးစေ့ မျှလောက်သော မြေစိုင်ခဲ ခုနစ်ခုတို့နှင့် ဤမဟာပထဝီ မြေကြီးသည် အဘယ် က ပို၍ များသနည်း ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မဟာပထဝီမြေကြီးသည်သာလျှင် များလှပါ၏၊ တစ်နေ ရာ၌ ချထားအပ်သော ဆီးစေ့မျှလောက်သော မြေစိုင်ခဲခုနစ်ခုတို့သည် နည်းပါးလှကုန်၏၊ တစ်နေရာ၌ ချထားအပ်သော ဆီးစေ့မျှလောက် သော မြေစိုင်ခဲခုနစ်ခုတို့သည် (မဟာပထဝီ) မြေကြီးကို ထောက်ထား လျှင် အစိတ်တစ်ရာစိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ် တစ် ထောင် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်၊ အစိတ်တစ်သိန်း စိတ်၍ တစ် စိတ်ကိုမျှ မမီနိုင်ကုန်။

ရဟန်းတို့ ဤအတူသာလျှင်။ပ။ (တရားမျက်စိ) သောတာပတ္တိမဂ်ဉာဏ် ဓမ္မစက္ခုကို ရခြင်းသည် ဤသို့ အကျိုးကြီးလှ၏ ဟု (မိန့်တော်မူ၏)။78

၅ - ပထဝီသုတ်၊ အဘိသမယသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: