နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, May 15, 2009

ခိုးသူကြီးကို ရှင်ရဟန်းပြုမပေးရ...

အဂုၤလိမာလခိုးသူဝတၴဳ

တစ်ရံရောအခါ အဂုင်္လိမာလခိုးသူကြီးသည် ရဟန်းတို့အထံ၌ ရှင်ရဟန်းပြု၏။ လူတို့ တွေ့မြင်ကုန်လတ်သော် ထိတ်လည်း ထိတ်ကုန်၏၊ လန့်လည်း လန့်ကုန်၏၊ ပြေးလည်း ပြေးကုန်၏၊ ရှောင်ဖယ်၍လည်း သွားကုန်၏၊ မျက်နှာလွဲ၍လည်း နေကုန်၏၊ တံခါးကိုလည်း ပိတ်ကုန်၏။

လူတို့သည်...
အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် တံခွန်စိုက် (ထင်ရှား)သော ခိုးသူကြီးကို ရှင်ရဟန်း ပြုပေးကုန်ဘိ သနည်း''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း၊

ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

ရဟန်းတို့ တံခွန်စိုက် (ထင်ရှား)သော ခိုးသူကြီးကို ရှင်ရဟန်းပြုမပေးရ၊ ရှင်ရဟန်း ပြုပေးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏'' ဟု (မိန့်တော်မူ၏)။91

၂၈ - အဂုင်္လိမာလခိုးသူဝတ္ထု၊ မဟာခန္ဓက၊ မဟာဝဂ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: