နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, May 26, 2009

အိပ်ခြင်းလေးမျိုး...

သေယျာသုတ် - (အိပ်ရာ၊ အိပ်ခြင်း၊ လျောင်းခြင်း)

ရဟန်းတို့ အိပ်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ-

၁... ပြိတ္တာတို့၏အိပ်ခြင်း၊
၂... ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်း၊
၃... ခြင်္သေ့တို့၏ အိပ်ခြင်း၊
၎... မြတ်စွာဘုရားတို့၏ အိပ်ခြင်းတို့တည်း။

၁...
ရဟန်းတို့ ပြိတ္တာတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း...
ရဟန်းတို့ ပြိတ္တာတို့သည် များသောအားဖြင့် ပက်လက် အိပ်ကုန်၏။
ရဟန်းတို့ ဤသည်ကို ပြိတ္တာတို့၏ အိပ်ခြင်း ဟု ဆိုအပ်၏။

၂...
ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့သည် များသောအားဖြင့် လက်ဝဲနံပါးဖြင့် အိပ် ကုန်၏။
ရဟန်းတို့ ဤသည်ကို ကာမဂုဏ် ခံစားသူတို့၏ အိပ်ခြင်း ဟု ဆိုအပ်၏။

၃...
ရဟန်းတို့ ခြင်္သေ့တို့၏ အိပ်ခြင်း ဟူသည် အဘယ်နည်း၊
ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထား၍ ပေါင်အတွင်း၌ အမြီးကို ထည့်သွင်းလျက် လက်ယာ နံပါးဖြင့် အိပ်၏၊ ထို ခြင်္သေ့သည် အိပ်ရာမှ နိုးလတ်သော် ရှေ့ပိုင်းကိုယ်ကို စဉ်းငယ်ညွှတ်စေ၍ နောက်ပိုင်းကိုယ်ကို စောင်းလှည့်၍ ကြည့်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခန္ဓာကိုယ်၏ တစ်စုံတစ်ရာ ဖောက်ပြန်နေသည်ကို လည်းကောင်း၊ ရွေ့ရှားနေသည်ကိုလည်းကောင်း အကယ်၍ မြင်ရအံ့၊ ရဟန်းတို့ ထိုသို့ မြင်ခြင်းကြောင့် သားတို့သနင်း ခြင်္သေ့မင်းသည် မနှစ်မြို့ခြင်း ဖြစ်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ခန္ဓာကိုယ်၏ တစ်စုံတစ်ရာ ဖောက်ပြန် နေသည်ကို လည်းကောင်း၊ ရွေ့ရှားနေသည်ကို လည်းကောင်း အကယ်၍ မမြင်အံ့၊ ရဟန်းတို့ ထိုသို့ မမြင်ခြင်းကြောင့် သားတို့သနင်း ခြင်္သေ့မင်းသည် နှစ်မြို့၏။ ရဟန်းတို့ ဤသည်ကို ခြင်္သေ့တို့၏ အိပ်ခြင်းဟု ဆိုအပ်၏။

၎...
ရဟန်းတို့ မြတ်စွာဘုရားတို့၏ အိပ်ခြင်းဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ မြတ်စွာဘုရားသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မြတ်စွာ ဘုရားတို့၏ အိပ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ အိပ်ခြင်းတို့သည် ဤလေးမျိုး တို့တည်း ဟု (မိန့်တော်မူ၏)။ 246

၎- သေယျာသုတ်၊ အာပတ္တိဘယ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: