နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, May 4, 2009

တပ်မက်ခြင်း 'ရာဂ'ကို ပယ်နိုင်၏...


ရဟန်းတို့ ဝိဇ္ဇာအဘို့အစု၌ ဖြစ်ကုန်သော ဤတရားတို့သည် ဤနှစ်မျိုးတည်း။
အဘယ် နှစ်မျိုးတို့နည်း ဟူမူ -

၁။ စိတ်၏ တည်ကြည်ခြင်း သမထ။
၂။ သင်္ခါရတရားတို့ကို ရှုဆင်ခြင်ခြင်း ဝိပဿနာ တို့တည်း။

ရဟန်းတို့ ...
သမထကို ပွားများအပ်သော် အဘယ်အကျိုးကို ရရှိခံစားရသနည်း၊ စိတ်ကိုပွားများ စေအပ်၏။ စိတ်ကိုပွားများ စေအပ်သော် အဘယ်အကျိုး ခံစားရသနည်း၊ တပ် မက်ခြင်း 'ရာဂ'ကို ပယ်နိုင်၏။ သင်္ခါရတရားတို့ကို ရှုဆင်ခြင်ခြင်း ဝိပဿနာကို ပွားများအပ်သော် အဘယ်အကျိုးကို ခံစားရသနည်း၊ ပညာကို ပွားများစေအပ်၏။ ပညာကို ပွားများစေအပ်သော် အဘယ်အကျိုးကို ခံစားရသနည်း၊ မသိခြင်း 'အဝိဇ္ဇာ' ကို ပယ်နိုင်၏။

ရဟန်းတို့ ...
တပ်မက်ခြင်း 'ရာဂ' ဖြင့် ညစ်ညူးသော် စိတ်သည် ကိလေသာမှ မလွတ်မြောက် မသိခြင်း 'အဝိဇ္ဇာ'ဖြင့် ညစ်ညူးသော် ပညာကို မပွားများစေအပ်။ ရဟန်းတို့ ဤသို့ လျှင် တပ်မက်ခြင်း 'ရာဂ' ၏ ကုန်ခမ်းခြင်းကြောင်း စိတ်၏ ကိလေသာတို့မှ လွတ် မြောက်ခြင်း 'စေတောဝိမုတ္တိ'သည် ဖြစ်၏။ မသိမှု 'အဝိဇ္ဇာ' ၏ ကုန်ခမ်းခြင်းကြောင့် ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း 'ပညာဝိမုတ္တိ'သည် ဖြစ်၏ဟု မိန့်တော် မူ၏။32-11

ဗာလ၀ဂ် - မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: