နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, May 31, 2009

ရဟန်းတို့ ဤသို့ ကျင့်ရမည်...

အဂ္ဂိက္ခန္ဓောပမသုတ်-မှ...

ရဟန်းတို့ ဤသို့ ကျင့်ရမည်...

ငါတို့သည် အကြင် ဒါယကာတို့၏...

၁... ဆွမ်း
၂... သင်္ကန်း
၃... ကျောင်း
၎... သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို သုံးဆောင်ကုန်၏၊

ထိုဒါယကာတို့ ပြုအပ်သော ကောင်းမှုတို့သည် အကျိုးအာနိသင် ကြီးမားကုန် လိမ့်မည်၊ ငါတို့၏ ဤရဟန်းအဖြစ်သည်လည်း အကျိုးရှိသည် တိုးပွါးခြင်း ရှိသည် ဖြစ်၍ မမြုံသည် ဖြစ်ပေလိမ့်မည် ဟု (ကျင့်ရမည်)။


ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။ ရဟန်းတို့ မိမိအကျိုးကို ကောင်းစွာ မြင်သော အမျိုးကောင်းသားသည် မမေ့မလျော့မှုနှင့် ပြည့်စုံရန် သင့်သည်သာ တည်း။ ရဟန်းတို့ သူတစ်ပါးအကျိုးကို ကောင်းစွာမြင်သော အမျိုးကောင်းသား သည် မမေ့မလျော့မှုနှင့် ပြည့်စုံရန် သင့်သည်သာတည်း။

ရဟန်းတို့ အကျိုးနှစ်ပါးစုံကို ကောင်းစွာမြင်သော အမျိုးကောင်းသားသည် မမေ့ မလျော့မှုနှင့် ပြည့်စုံရန် သင့်သည်သာတည်း ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏၊
ဤဝေယျာကရိုဏ်း ဒေသနာကို ဟောတော်မူသည် ရှိသော်...

ခြောက်ကျိပ်သော ရဟန်းတို့အား ...
ပူသော နှလုံးသွေး သည် ခံတွင်းမှ အံထွက်၏၊

ခြောက်ကျိပ်သော ရဟန်းတို့သည် ...
''မြတ်စွာဘုရား အလွန် ပြုနိုင်ခဲပါ၏၊ မြတ်စွာဘုရား အလွန် ပြုနိုင်ခဲပါ၏'' ဟု လျှောက်ပြီးလျှင် သိက္ခာချ၍ လူထွက်ကြကုန်၏၊

ခြောက်ကျိပ်သော ရဟန်းတို့အား ...
တဏှာဒိဋ္ဌိ အားဖြင့် တစ်စုံတစ်ခုသော အာရုံကို မစွဲလမ်းမူ၍ အာသဝေါ တရားတို့ မှ စိတ်တို့သည် လွတ်မြောက်ကြလေကုန် သတည်း။ (၈)

၈ - အဂ္ဂိက္ခန္ဓောပမသုတ်-မှ၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။ 72

ရှေ့ပိုင်းမှ တရားတော်များသို့--->

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: