နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, July 10, 2009

သူ့ထံကလည်း တို့ယူမယ်...




ကျီးငှက်၏ အင်္ဂါ ပြဿနာ...

အသျှင်ဘုရားနာဂသေန...
''ကျီးငှက်၏ အင်္ဂါနှစ်ပါးတို့ကို ယူအပ်ကုန်၏'' ဟူ၍ ဆိုတော်မူ၏။
အဘယ်အင်္ဂါနှစ်ပါးတို့ကို ယူအပ်ပါကုန်သနည်းဟု (မေးလျောက်၏)။

မင်းမြတ်... ကျီးငှက်သည် ယုံမှား စိုးနှောင့်ခြင်းရှိလျက် လုံ့လထုတ်၍ ကျက်စားရ သကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အပ်သလော, မအပ်သလောဟု ယုံမှား စိုးနှောင့်ခြင်းရှိလျက် လုံ့လထုတ်ကာ ထင်သော သတိရှိသည် ဖြစ်၍ ဣနြေ္ဒတို့ကို စောင့်စည်းလျက် ကျင့်ရာ၏။ မင်းမြတ် ကျီးငှက်၏ ရှေးဦးစွာသော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ်... နောက်တစ်မျိုးကား ကျီးငှက်သည် တစ်စုံတစ်ခုသော ဘောဇဉ်ကို မြင်သည်ရှိသော် ဆွေမျိုးဖြစ်သော ကျီးတို့နှင့် ခွဲခြမ်းဝေဖန်၍သာ စားသကဲ့သို့၊ မင်းမြတ် ဤအတူသာလျှင် ကမ္မဋ္ဌာန်း စီးဖြန်းသော ယောဂီပုဂ္ဂိုလ်သည် အယုတ်သဖြင့် သပိတ်၌ အကျူံးဝင်ကာမျှလည်း ဖြစ်သော တရားနှင့်လျော်ညီစွာ တရားသဖြင့် ရအပ်ကုန်သော လာဘ်တို့ဖြင့် သီလရှိကုန်သော သီတင်းသုံးဖော်တို့နှင့် အတူ ခွဲခြမ်း ဝေဖန်လျက်သာ သုံးဆောင်လေ့ရှိသည် ဖြစ်ရာ၏။ မင်းမြတ် ကျီးငှက်၏ နှစ်ခုမြောက်သော ဤအင်္ဂါကို ယူအပ်၏။

မင်းမြတ် တရားစစ်သူကြီး ဖြစ်တော်မူသော အသျှင်သာရိပုတ္တရာမထေရ်သည် -
''ခြိုးခြံသော အကျင့်ရှိသော သူတို့သည် ရရသမျှသော ဘောဇဉ်ကို ငါ (သာရိပုတ္တရာ) အား အကယ်၍ လှူဒါန်း ဆက်ကပ်ကုန်ငြားအံ့၊ ထိုဘောဇဉ်မှ အလုံးစုံသော သီတင်းသုံးဖော်တို့ကို ခွဲခြမ်းဝေဖန်၍သာ ဘောဇဉ်ကို စားလို၏'' ဟု ဤစကားကိုလည်း ဟောတော်မူအပ်၏။

၉ - ဝါယသင်္ဂပဥှာ (ကျီးငှက်၏ အင်္ဂါ ပြဿနာ)၊ ဂဒြဘဝဂ်၊ မိလိန္ဒပဉှာ။

No comments: