နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, July 27, 2009

အသျှင်ဒဗ္ဗကို မဟုတ်မမှန် စွပ်စွဲသည့်အတွက်...

ဒုဋ္ဌဒေါသ သိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မလ္လမင်း၏ သားဖြစ်သော ဖွားမြင်သည်မှ ခုနစ်နှစ်မျှသာရှိသေးသော သျှင်ဒဗ္ဗသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခဲ့ပြီ၊ ထိုအသျှင်ဒဗ္ဗသည် တပည့်သာဝကတို့ ရောက်သင့် ရောက်ထိုက်သော အလုံးစုံသော တရားသို့ အစဉ်ရောက်ခဲ့ပြီ၊ ထိုအသျှင်ဒဗ္ဗအား တစ်စုံတစ်ခုသော ရဟန်းကိစ္စ နောက်ထပ်ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီး (သောတရား) ကို လည်းထပ်၍ ပွါးများဖွယ် မရှိတော့ပြီ။

ဇာတ်တော်ကို ယခင် ((၂ - သတိဝိနည်း၊ အသျှင်ဒဗ္ဗ...)) အတိုင်းသိတော်မူ...

ရဟန်းတို့ သင်တို့သည် မလ္လမင်း၏သား ဒဗ္ဗကို အခြေအမြစ်မရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲဖျက်ဆီး ကြကုန်၏ ဟူသည် မှန်သလောဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် မလ္လမင်း၏သား ဒဗ္ဗကို အခြေအမြစ်မရှိသော ပါရာဇိကအာပတ်ဖြင့် အဘယ့်ကြောင့် စွပ်စွဲဖျက်ဆီး ကြကုန်သနည်း၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ သင်တို့ပြု သောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်း ကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

ပညတ်သိက္ခာပုဒ်

အကြင် ရဟန်းသည် ရဟန်းကို ဒေါသဖိစီးဖျက်ဆီးလိုသော စိတ်ရှိသည် ဖြစ်၍ မနှစ်လိုသည် ဖြစ်၍ အခြေအမြစ်မရှိသော ပါရာဇိကအာပတ်ဖြင့် 'ထိုရဟန်းကို ဤမြတ်သော အကျင့်မှ ရွေ့လျော စေနိုင်ရာ၏'ဟု ကြံ၍ စွပ်စွဲ ဖျက်ဆီးငြားအံ့၊ ထိုမှ နောက်အခါ၌ (သူတစ်ပါးတို့) မေးစိစစ်အပ်၍သော် လည်းကောင်း၊ မမေး မစိစစ် အပ်ဘဲသော် လည်းကောင်း ထို အဓိကရုဏ်းသည်လည်း အခြေအမြစ်မရှိသည် ဖြစ်အံ့၊ (စွပ်စွဲသော) ရဟန်းသည်လည်း အပြစ်ဒေါသကို ဝန်ခံအံ့၊ 12-8-385

ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏...

ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဂဂ- ဒုဋ္ဌဒေါသ သိက္ခာပုဒ်၊ သံဃဒိသိသ် အခန်း၊ ပါရာဇိကဏ်ပါဠိတော်။

ဒုတိယ အပြစ်အကြီးဆုံး ၁၃-ခုမှ...
သံဃာဒိသိသ်အာပတ်= ရဟန်းသံဃာက ဝိုင်းဝန်း ကူညီ စောင့်ရှောက်ပေးမှ ကုစား၍ရသော အပြစ်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: