နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, July 31, 2009

သိလျက် ချွတ်ယွင်းသော စကားကို မဆိုပါနဲ့...

သုဝဏ္ဏနိက္ခသုတ်

သာဝတ္ထိနိဒါန်း
ရဟန်းတို့ ငါဘုရားသည်...
ဤအသျှင်သည် ရွှေစင်တစ်နိက္ခဟူသော အကြောင်းကြောင့်သော်လည်း။ ပ ။
ရွှေစင်နိက္ခတစ်ရာ ဟူသော အကြောင်းကြောင့်သော်လည်း။
သိင်္ဂနိက် ရွှေ တစ်နိက္ခ ဟူသော အကြောင်းကြောင့်သော်လည်း။
သိင်္ဂနိက်ရွှေ နိက္ခတစ်ရာ ဟူသော အကြောင်းကြောင့်သော်လည်း။
ရွှေဖြင့် ပြည့်သော မဟာပထဝီမြေ ဟူသော အကြောင်းကြောင့်သော်လည်း။
တစ်စုံတစ်ခုသော အာမိသဟူသော အကြောင်းကြောင့်သော်လည်း။
အသက်ဟူသော အကြောင်းကြောင့်သော်လည်း။
ကောင်းခြင်းငါးရပ် ပြည့်စုံသည့် မိန်းမမြတ်ဟူသော အကြောင်းကြောင့်သော်လည်း သိလျက် ချွတ်ယွင်းသော မုသားစကားကို မဆိုရာ ဟု အချို့သော ပုဂ္ဂိုလ်၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏။ ထိုသူကို တစ်ပါးသော အခါ၌ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံး ယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုနေသည်ကို တွေ့မြင်ရ၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ ပ ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။

၃ - သုဝဏ္ဏနိက္ခသုတ်၊ ဒုတိယဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။ 169


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: