နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, July 14, 2009

ဤရဟန်းမျိုးသည် ချစ်အပ်သူသာဖြစ်၏...

ဤရဟန်းမျိုးသည် ချစ်အပ်သူသာဖြစ်၏...




အဿဒ္ဓသုတ် - (သာယာခြင်း၊ အရုံခံစားခြင်း၊ ချိုမြိန်ခြင်း)

ရဟန်းတို့ ...
တရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁... ယုံကြည်မှု 'သဒ္ဓါ' တရား ရှိ၏။
၂... မကောင်းမှုမှ ရှက်တတ်၏။
၃... မကောင်းမှုမှ ကြောက်ရွံ့တတ်၏။
၎... အားထုတ်အပ်သော လုံ့လရှိ၏။
၅... ပညာရှိ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မထေရ်ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူ မြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ ဟု (မိန့်တော်မူ၏)။ 84

၎ - အဿဒ္ဓသုတ်၊ ထေရဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: