နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, July 31, 2009

သင်တို့ ဗလစ်ဗလစ် မလုပ်ကြနှင့်...

အာနန္ဒသုတ်

အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် လူတို့ကို သိစေခြင်းများသည် ဖြစ်၍ အချိန်လွန်စွာ နေ၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်အာနန္ဒာအား အစဉ်သနားသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် အသျှင်အာနန္ဒာကို ထိတ်လန့်စေလိုရကား အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

''ဂေါတမအနွယ်ဖြစ်သော အသျှင်အာနန္ဒာ သစ်ပင်ရင်း တောချုံသို့ သက်ဝင်ကာ နိဗ္ဗာန်ကို စိတ်နှလုံး၌ ထည့်သွင်းထား၍ ဈာန်ဝင်စားပါလော့၊ မေ့လျော့ခြင်း မဖြစ် ပါစေလင့်၊ အသျှင်ဘုရားအား ဗလစ်ဗလစ် ပြောဆိုခြင်းသည် အဘယ်ပြု လတ္တံ့ နည်း'' ဟု လျှောက်၏။

ထိုအခါ အသျှင်အာနန္ဒာသည်
ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။ 225

၅ - အာနန္ဒသုတ်၊ ဝနသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: