နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, August 25, 2009

အချို့သော မိန်းမသည်လည်း မြတ်၏...


*** မလ္လိကာသုတ်
သာဝတ္ထိနိဒါန်း။
ထိုအခါ၌ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ၌ တစ်ယောက်သော ယောက်ျားသည် ပသေနဒီကောသလမင်းထံသို့ ချဉ်းကပ်၍ ပသေနဒီကောသလမင်းကြီး၏ နားရင်းသို့ ကပ်၍ အရှင်မင်းကြီး ''မလ္လိကာ မိဖုရားသည် သမီးတော်ကို ဖွားမြင်ပါ၏'' ဟု ကြားလျှောက်၏၊


ဤသို့ ကြားလျှောက်သည် ရှိသော်
ပသေနဒီကောသလမင်းသည် နှလုံးမသာယာ ဖြစ်၏။


ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်း နှလုံးမသာယာသည်၏ အဖြစ်ကိုသိ၍ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏-

လူတို့ကို အစိုးရသောမင်း သမီးတော်ကို ကျွေးမွေးသုတ်သင်လော့၊ ပညာရှိသော, အကျင့် သီလရှိသော, ယောက္ခမကို နတ်ကဲ့သို့ ရိုသေသော, လင်ကို လုပ်ကျွေးသော, အချို့သော မိန်းမသည်လည်း မြတ်၏။

အရပ်မျက်နှာတို့၏ အရှင်ဖြစ်သောမင်း ထိုမိန်မအား အကြင်သားယောက်ျားကို မွေးဖွား၏၊ ထိုသို့သဘောရှိသော မိန်မကောင်း၏ သားသည် ရဲရင့်၏၊ တိုင်းပြည်ကို လည်း အုပ်ချုပ် ဆုံးမနိုင်၏ ဟု ရွတ်ဆိုတော်မူ၏။ 127

၆ - မလ္လိကာသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


No comments: