နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, October 29, 2009

သရက်သီးမှည့်ကို ပေးလှူ၍...

အမ္ဗဝနပေတဝတ္ထု - (အမ္ဗဝန=သရက်တော)


လူ့ဘဝ၌ ကျန်ရစ်သူသမီးက
သရက်သီးမှည့် ရေချမ်းနှင့် ယာဂုကို ပေးလှူ၍ အမျှဝေသောကြောင့်
ရေကန် သရက်ဥယျာဉ်တို့ဖြင့် ချမ်းသာခွင့်ရသော ပြိတ္တာ။


သင်၏ ဤရေကန်သည် အလွန် နှလုံးမွေ့လျော်ဖွယ်ရှိ၍ ညီညွတ်သော အပြင်လည်း ရှိပေ၏၊ ကောင်းသော ဆိပ်ကမ်းလည်း ရှိ၏၊ များသော ရေလည်း ရှိ၏၊ ကောင်းစွာ ပွင့်သော ပန်းလည်း ရှိ၏၊ ပျားပိတုန်း အပေါင်းတို့ဖြင့် ပြွမ်း၏၊ သင်သည် နှစ်သက်ဖွယ်သော ဤရေကန်ကို အဘယ် အကြောင်းကြောင့် ရအပ်သနည်း။ 796

နတ်သား သင်၏ ဤသရက်ဥယျာဉ်သည် အလွန် နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ဥတု သုံးပါးလုံး ချမ်းသာကို ရွက်ဆောင်လျက် အသီးတို့ကို ဆောင်၏၊ အခါခပ်သိမ်း ပွင့်၏၊ ပျားပိတုန်း အပေါင်းတို့ဖြင့် ပြွမ်း၏၊ ဤဗိမာန်ကို သင်သည် အဘယ်အကြောင်းကြောင့် ရအပ်သနည်းဟု ကုန်သည်များကမေး၏။ 797

ကုန်သည်တို့ အကျွန်ုပ်၏ သမီးသည် အကျွန်ုပ်ကို ရည်၍ သရက်သီးမှည့်ကို လည်းကောင်း၊ ရေကို လည်းကောင်း၊ ယာဂုကို လည်းကောင်း ပေးလှူ၏၊ သမီး၏ ထိုပေးလှူသော အလှူကြောင့် ဤသရက် ဥယျာဉ်၌ သရက်သီးမှည့်ကို လည်းကောင်း၊ ဤရေကန်၌ ရေကို လည်းကောင်း ဤဗိမာန် ပဒေသာပင် စသည်တို့၌ နှလုံးမွေ့လျော်ဖွယ်ရှိ၍ ချမ်းအေးသော အရိပ်ကို အကျွန်ုပ် ရပါ၏ဟု ပြိတ္တာက ပြောဆို၏။ 798

အလှူပေးခြင်း၏ လည်းကောင်း၊ ဣနြေ္ဒကို ဆုံးမခြင်း၏ လည်းကောင်း၊ သီလ စောင့်ထိန်းခြင်း၏ လည်းကောင်း အကျိုးကို ကုသိုလ်ကံသည် ဤသို့ပင် မျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိ၏ဟု ကြည့်ရှုကြကုန်လော့၊ အကျွန်ုပ်သည် ရှေးက အရှင်သခင်တို့ အိမ်၌ ကျွန်မ ဖြစ်ပြီး၍ ယခုအခါ အိမ်ကို အစိုးရသော ချွေးမ ဖြစ်ပါ၏ဟု ပြိတ္တာ၏ သမီးက ရွတ်ဆို၏။ 799

၁၂ - အမ္ဗဝနပေတဝတ္ထု၊ မဟာဝဂ်၊ ပေတဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: