နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, October 26, 2009

တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည်...

နိရယသုတ် - (ချမ်းသာကင်းသော)

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။

အဘယ်လေးမျိုး တို့နည်းဟူမူ-

၁... သူ့အသက်ကို သတ်လေ့ရှိ၏၊
၂... မပေးသည်ကိုယူလေ့ရှိ၏၊
၃... ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊
၎... မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏ ဟု မိန့်တော်မူ၏။

သူ့အသက်သတ်ခြင်းကို လည်းကောင်း၊ မပေးသည်ကို ယူခြင်းကို လည်းကောင်း၊ မဟုတ်မမှန်သော စကားကို ဆိုခြင်းကို လည်းကောင်း၊ သူတစ်ပါးသားမယား၌ သွားလာခြင်းကို လည်းကောင်း ပညာရှိတို့သည် မချီးမွမ်းကုန် ဟု ဆိုအပ် သတည်း။ 64

၎ - နိရယသုတ်၊ ပတ္တကမ္မဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: