နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, December 15, 2009

ထိုသတ္တဝါသည် အမိစားသော အစာဖြင့် ထိုအမိဝမ်း၌ မျှတ၏...



ဣန္ဒကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဣန္ဒကူဋတောင် ဣန္ဒကဘီလူး၏ ဗိမာန်၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ ဣန္ဒကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

''အသျှင်ဘုရား မြတ်စွာဘုရားတို့သည် ရုပ်ကို ဇီဝဟူ၍ ဆိုတော်မမူကုန်။
အဘယ် အကြောင်းကြောင့် ဤသတ္တဝါသည် ဤကိုယ်ကို ရသနည်း၊
ထိုသတ္တဝါအား အရိုးစု အသားစိုင်သည် အဘယ်မှ ရောက်လာသနည်း၊
အဘယ်အကြောင်းကြောင့် ဤသတ္တဝါသည် အမိဝမ်း၌ ကပ်ငြိသနည်း'' ဟု
လျှောက်၏။

''ဘီလူး ရှေးဦးစွာ ကလလရေကြည် ဖြစ်၏၊ ကလလရေကြည်မှ အမြှုပ် ဖြစ်၏၊ အမြှုပ်မှ သားတစ်ဖြစ်၏၊ သားတစ်မှ အခဲ ဖြစ်၏၊ အခဲမှ ခက်မငါးဖြာတို့ ဖြစ်ကုန်၏၊ ဆံ, အမွေး, ခြေသည်း, လက်သည်းတို့လည်း ဖြစ်ကုန်၏။ ဤသတ္တဝါ၏ အမိသည် အကြင် ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ စားဖွယ်ကို လည်းကောင်း စား၏။ အမိ၏ ဝမ်း၌ တည်သော ထိုသတ္တဝါသည် ထို အမိစားသော အစာဖြင့် ထိုအမိဝမ်း၌ မျှတ၏'' ဟု မိန့်တော်မူ၏။ 235

၁ - ဣန္ဒကသုတ်၊ ယက္ခသသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: