နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, December 16, 2009

ထိန မိဒ္ဓ အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း...

ထိန မိဒ္ဓ


ရဟန်းတို့ ဤမမွေ့လျော်ခြင်း ပျင်းရိခြင်း ကိုယ်လက်ဆန့်ငင်ခြင်း ထမင်းဆီယစ်ခြင်း စိတ်၏ဆုတ်နစ်ခြင်းသည် မဖြစ်ပေါ်သေးသော စိတ်၏ မခံ့ကျန်းခြင်း လေးလံ ထိုင်းမှိုင်းခြင်း (ထိန) ကိုယ်၏ မခံ့ကျန်းခြင်း လေးလံ ထိုင်းမှိုင်းခြင်း (မိဒ္ဓ)၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ၏လည်း ဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။

ရဟန်းတို့ ဆုတ်နစ်သော စိတ်ရှိသူအား မဖြစ်ပေါ်သေးသော ထိန မိဒ္ဓသည်လည်း ဖြစ်ပေါ်၏၊ ဖြစ်ပေါ်ပြီးသော ထိန မိဒ္ဓသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှါ ဖြစ်၏ ဟု မိန့်တော်မူ၏။ 13
တတိယသုတ်။

ရဟန်းတို့ ဤ ဦးစွာအစ အားထုတ်ခြင်း (အာရဗ္ဘဓာတ်)၊ ပျင်းရိမှုမှ လွတ်မြောက် အောင် အားထုတ်ခြင်း (နိက္ကမဓာတ်)၊ နိက္ကမဓာတ်ထက် လွန်ကဲအောင် အားထုတ် ခြင်း (ပရက္ကမဓာတ်) သည် မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ၏လည်း ကင်းပျောက်ကြောင်း ဖြစ်သကဲ့သို့၊ ဤအတူ မဖြစ်ပေါ်သေးသော ထိနမိဒ္ဓ၏လည်း မဖြစ်ပေါ်ကြောင်း ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓ၏ လည်း ကင်းပျောက်ကြောင်းဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါ မမြင်။

ရဟန်းတို့ ထက်သန်သော လုံ့လ ရှိသော သူအား မဖြစ်ပေါ်သေးသော ထိနမိဒ္ဓသည် လည်း မဖြစ်ပေါ်၊ ဖြစ်ပေါ်ပြီးသော ထိနမိဒ္ဓသည်လည်း ကင်းပျောက်၏ ဟု မိန့်တော်မူ၏။ 18
အဋ္ဌမသုတ်။

၂၂- နီဝရဏပ္ပဟာနဝဂ်၊ ဧကကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ထိနမိဒ္ဓ

2 comments:

Anonymous said...

benjamin Take a piece of me

U Lawkanartha said...

ကောင်းပါပြီ...

စိတ်ချမ်းသာပါစေ...