နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, January 30, 2010

စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း...

မဟာဝေဒလ္လသုတ်

"စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း"

ငါ့သျှင် ဣနြေ္ဒ ငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း ဟု လျှောက်၏။

ငါ့သျှင် ဣနြေ္ဒ ငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု စတုတ္ထဈာန် စိတ်ဖြင့် ''ကောင်းကင်သည် အဆုံးမရှိ'' ဟု အာကာသာနဉ္စာယတနသမာပတ်ကို သိသင့်၏၊ ''ဝိညာဏ်သည် အဆုံးမရှိ'' ဟု ဝိညာဏဉ္စာ ယတနသမာပတ်ကို သိသင့်၏၊ ''တစ်စုံ တစ်ရာမျှ မရှိ'' ဟု အာကိဉ္စ ညာယတနသမာပတ်ကို သိသင့်၏ ဟု မိန့်ဆို၏။

ငါ့သျှင် သိသင့်သော တရားကို အဘယ်ဖြင့် အများအားဖြင့် သိတတ်သနည်း ဟု လျှောက်၏။

ငါ့သျှင် သိသင့်သော တရားကို ပညာမျက်စိဖြင့် အများအားဖြင့် သိတတ်၏ ဟု မိန့်ဆို၏။

ငါ့သျှင် ပညာသည် အဘယ် အကျိုးရှိသနည်းဟု လျှောက်၏။

ငါ့သျှင် ပညာသည် အထူးသိခြင်း အကျိုးရှိ၏၊ ပိုင်းခြား၍ သိခြင်း အကျိုးရှိ၏၊ ပယ်စွန့်ခြင်း အကျိုးရှိ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: