နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, January 24, 2010

စမ္ပေယျနဂါးမင်းအကျင့်...

စမ္ပေယျနာဂစရိယ၊ (စမ္ပေယျနဂါးမင်းအကျင့်)


ငါသည် တန်ခိုးကြီးသော စမ္ပေယျနဂါးမင်း ဖြစ်၏၊
ထိုအခါ၌လည်း တရားကို စောင့်သူ၊ သီလအကျင့်နှင့် ပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုအခါ၌လည်း ကုသိုလ်တရားကို ကျင့်လေ့ရှိသော ဥပုသ်ကျင့်သုံးသော ငါ့ကို မြွေဖမ်းသမားသည် ဖမ်းယူ၍ နန်းတော်တံခါး၌ ကစားစေ၏၊

ထိုမြွေဖမ်းသမားသည် အညို, အရွှေ, အနီဟူသော အကြင် အကြင်အဆင်းကို ကြံစည်၏၊ ငါသည် ထိုမြွေဖမ်းသမား၏ စိတ်သို့ အစဉ်လိုက်လျက် ကြံစည်သော အဆင်းနှင့်တူသော အဆင်းရှိသည် ဖြစ်၏။

ငါသည် ကုန်းကို ရေဖြစ်အောင် ပြုနိုင်၏၊ ရေကိုလည်း ကုန်းဖြစ်အောင် ပြုနိုင်၏၊ အကယ်၍ ငါသည် ထိုမြွေဖမ်းသမားအား အမျက်ထွက်ငြားအံ့၊ တစ်ခဏဖြင့် ပြာဖြစ်အောင် ပြုနိုင်၏။

ငါသည် အကယ်၍ စိတ်အလို လိုက်သည် ဖြစ်အံ့၊ သီလမှ ဆုတ်ယုတ်တော့အံ့၊ သီလမှ ဆုတ်ယုတ်သူအား မြတ်သော အကျိုးသည် မပြီးစီးနိုင်ချေ။

အကယ်၍ပင် ဤကိုယ်သည် ပျက်စီးပါစေ၊ ဤနေရာ၌ပင် ဖရိုဖရဲ ကြဲမူလည်း ကြဲပါစေ၊ 'ဖွဲပြာ ကဲ့သို့' ဖရိုဖရဲ ကြဲသော်လည်း ငါသည် သီလကိုမူ မဖျက်ဆီးလို။ ။
20-25
၃ - စမ္ပေယျနာဂစရိယ၊ ဟတ္ထိနာဂ၀ဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: