နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 9, 2010

အဘယ်သို့သောသူကို သီလရှိသောသူဟု ဆိုပါကုန်သနည်း...

နန္ဒနသုတ်

တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒနနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏- မြေကြီး အထုနှင့်တူသော ပညာရှိတော်မူသော ဂေါတမမြတ်စွာဘုရား အသျှင်ဘုရားကို မေးမြန်းပါ၏၊ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်အမြင်သည် အပိတ်အပင်မရှိပါ၊

အဘယ်သို့ သဘောရှိသောသူကို သီလရှိသောသူဟု ဆိုပါကုန်သနည်း၊
အဘယ်သို့ သဘောရှိသောသူကို ပညာရှိသောသူဟု ဆိုပါကုန် သနည်း၊
အဘယ်သို့ သဘောရှိသော သူသည် ဆင်းရဲကို လွန်၍ ဖြစ်သနည်း၊
အဘယ်သို့ သဘောရှိသော သူကို နတ်တို့သည် ပူဇော်ပါကုန်သနည်း။

အကြင်သူသည် လောကီလောကုတ္တရာ သီလရှိ၏၊
လောကီလောကုတ္တရာ ပညာရှိ၏၊
ပွားများပြီးသော စိတ်ရှိ၏၊
တည်ကြည်၏၊
ဈာန်၌ မွေ့လျော်၏၊
သတိနှင့် ပြည့်စုံ၏၊
အခါခပ်သိမ်း ပူဆွေးခြင်းမှ ကင်း၏၊
ကိလေသာကို ပယ်ပြီး ဖြစ်၏၊
အာသဝကုန်ပြီး ဖြစ်၏၊
အဆုံးစွန်သော ကိုယ်ကို ဆောင်လေ့ရှိ၏။
ထိုသို့ သဘောရှိသော သူကို သီလရှိသောသူဟု ဆိုကုန်၏၊ ထိုသို့ သဘောရှိသော သူကို ပညာရှိသောသူ ဟု ဆိုကုန်၏၊ ထိုသို့ သဘောရှိသော သူသည် ဆင်းရဲကို လွန်၍ ဖြစ်၏၊ ထိုသို့ သဘောရှိသော သူကို နတ်တို့သည် ပူဇော်ကုန်၏ ဟု မိန့်တော်မူ၏။ 95

၎ - နန္ဒနသုတ်၊ အနာထပိဏ္ဍိက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: