နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, February 11, 2010

ထောင်လွှားမှု မာန...

ထောင်လွှားမှု
မာန

ထိုတွင် အဘယ်သည် ထောင်လွှားမှု 'မာန' မည်သနည်း။

အကြင် မှတ်ထင်ထောင်လွှားမှု 'မာန'၊
မှတ်ထင်ထောင်လွှားသော အခြင်းအရာ 'မညနာ'၊
မှတ်ထင်ထောင်လွှားတတ်သည်၏ အဖြစ် 'မညိတတ္တ'၊
တက်ကြွမှု 'ဥန္နတိ'၊
မြှောက်၍ ထားခြင်းသဘော 'ဥန္နာမ'၊
တံခွန်သဖွယ်ဖြစ်မှု 'ဓဇ'၊
ချီးမြှောက်မှု 'သမ္ပဂ္ဂါဟ'၊
စိတ်၏ မှန်ကင်းသဖွယ်ပြုမှု 'ကေတုကမျတာ' သည် ရှိ၏။
ဤသဘောကို ထောင်လွှားမှု 'မာန' ဟု ဆိုအပ်၏။

ခုဒ္ဒကကဝတ္ထုဝိဘင်္ဂ၊ ၀ိဘင်္ဂပါဠိတော်၊ အဘိဓမ္မာပိဋက။ 878



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: