နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, February 12, 2010

သီလနှင့်ပညာကို အမြတ်ဆုံ;,,,

သီလနှင့်ပညာကို အမြတ်ဆုံးဟု ဆိုခြင်း

ပုဏ္ဏား ဤစကားသည် ဤအတိုင်းပင် မှန်ပေ၏၊

ပုဏ္ဏား ပညာကို သီလဖြင့် ဆေးကြောရ၏၊ သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင် ပုဂ္ဂိုလ်၌ သီလရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာရှိ၏။ အကြင်ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။ သီလရှိသောသူအား ပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။ ပုဏ္ဏား လက် တစ်ဖက်ဖြင့် လက် တစ်ဖက်ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း၊ ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကို ဆေးကြောရာသကဲ့သို့ လည်းကောင်း ပုဏ္ဏား ဤအတူပင် ပညာကို သီလဖြင့် ဆေးကြောရ၏၊ သီလကို ပညာဖြင့် ဆေးကြောရ၏။ အကြင် ပုဂ္ဂိုလ်၌ သီလ ရှိ၏၊ ထိုပုဂ္ဂိုလ်၌ ပညာ ရှိ၏။ အကြင် ပုဂ္ဂိုလ်၌ ပညာရှိ၏၊ ထိုပုဂ္ဂိုလ်၌ သီလရှိ၏။ သီလရှိသော သူအားပညာရှိ၏၊ ပညာရှိသော သူအား သီလရှိ၏၊ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုအပ်၏။ 317

သောဏဒဏ္ဍသုတ်၊ ၃၁၇ မှ၊ သီလက္ခန်ပါဠိတော်၊ ဒီဃနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: