နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, February 24, 2010

ကျွန်ုပ်တို့ မပြုကျင့်အပ်သော တရားလေးပါး ...

၆၅ - မပြုကျင့်အပ်သော တရားလေးပါး ...


တစ်ရံရောအခါ ရဟန်းတို့သည် ပဉ္စင်းခံပြီးနောက် ရဟန်းတစ်ပါးကို တစ်ပါးတည်း ချန်ထားခဲ့၍ ဖဲခွါထွက်သွားကြ ကုန်၏။ ထိုရဟန်းသည် နောက်မှ တစ်ယောက်တည်း လာသည်ရှိသော် ခရီးအကြား၌ မယားဟောင်းနှင့် တွေ့၍ ''ယခု သင် ရဟန်းပြုနေသလော'' ဟု မယားဟောင်းက ''မေးသဖြင့်ဟုတ်၏၊ ငါ ရဟန်းပြု၏'' ဟု ပြန်ပြောရာ ''ရဟန်းတို့အား မေထုန်အကျင့်သည် ရခဲ၏၊ လာလော့၊ မေထုန်အကျင့်ကို မှီဝဲလော့'' ဟု ပြောဆို၏။ ထိုရဟန်းသည် ထိုမိန်းမအား မေထုန်အကျင့်ကို မှီဝဲ၍ ကြာမြင့်မှ သွားလေ၏။ ရဟန်းတို့သည် ''ငါ့သျှင် သင်သည် အဘယ့်ကြောင့် ဤမျှ ကြာမြင့်နေဘိသနည်း'' ဟု မေးမြန်းကုန်၏။

ထိုအခါ ထိုရဟန်းသည် ရဟန်းတို့အား ဤအကြောင်းကို ပြောကြား၏။

ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

ရဟန်းတို့ ပဉ္စင်းခံပြီးလျှင် အဖော်ကို ပေးခြင်းငှါလည်းကောင်း၊
လေးပါးသော မပြုကျင့်အပ်သည်တို့ကို ပြောကြားခြင်းငှါ လည်းကောင်း ခွင့်ပြု၏။

၁...
ပဉ္စင်းဖြစ်ပြီးသော ရဟန်းသည် အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌သော်လည်း မေထုန်အကျင့်ကို မမှီဝဲအပ်၊ မေထုန်အကျင့်ကို မှီဝဲသော ရဟန်းသည် ရဟန်းမဟုတ်၊ သာကီဝင်မင်းသား ဘုရားအနွယ်တော်မဟုတ်။

ဥပမာအားဖြင့် ဦးခေါင်းပြတ်ပြီးသော ယောက်ျားသည် ထိုဦးခေါင်းနှင့် ကိုယ်ကို ပြန်၍ စပ်သဖြင့် အသက်ရှင်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူသာလျှင် ရဟန်းသည် မေထုန်အကျင့်ကို မှီဝဲသည်ရှိသော် ရဟန်းမဟုတ်၊ သာကီဝင်မင်းသား ဘုရား အနွယ်တော်မဟုတ်၊

သင်သည် ထိုမေထုန်အကျင့်ကို...
အသက်ထက်ဆုံး (သိက္ခာပုဒ်တော် ကိုယ်၌ တည်သမျှကာလ ပတ်လုံး) မပြုကျင့်အပ်။

၂...
ပဉ္စင်းဖြစ်ပြီးသော ရဟန်းသည် မပေးသော ဥစ္စာကို ခိုးလိုသော စိတ်အဖို့ဖြင့် မခိုးယူအပ်၊ အယုတ်ဆုံးအားဖြင့် မြက် ဝါးခြမ်းစိတ်ကို အစပြု၍ မခိုးယူအပ်။ အကြင်ရဟန်းသည် တစ်မတ်ကို လည်းကောင်း၊ တစ်မတ် တန်ဥစ္စာကိုလည်းကောင်း၊ တစ်မတ်ထက်ပိုလွန်သော ဥစ္စာကိုလည်းကောင်း မပေးဘဲ ခိုးလိုသော စိတ်အဖို့ဖြင့် ခိုးယူ၏၊ ထိုရဟန်းသည် ရဟန်းမဟုတ်၊ သာကီဝင်မင်းသား ဘုရားအနွယ် တော်မဟုတ်။

ဥပမာအားဖြင့် အညှာမှ ကြွေကျသော ဖက်ရွက်ရော်သည် တစ်ဖန်ပြန်၍ စိမ်းစိုခြင်း 'စိမ်းရှင်ခြင်း'ငှါ မထိုက်သကဲ့သို့၊ ဤအတူသာလျှင် ရဟန်းသည် တစ်မတ်ကို လည်းကောင်း၊ တစ်မတ်တန် ဥစ္စာကို လည်းကောင်း၊ တစ်မတ်ထက် ပိုလွန်သော ဥစ္စာကိုလည်းကောင်း မပေးဘဲ ခိုးလိုသော စိတ်အဖို့ဖြင့် ခိုးယူသည်ရှိသော် ရဟန်းမဟုတ်၊ သာကီဝင်မင်းသား ဘုရားအနွယ်တော်မဟုတ်၊

သင်သည် ထိုခိုးခြင်း အမှုကို ...
အသက် ထက်ဆုံး (သိက္ခာပုဒ်တော် ကိုယ်၌ တည်သမျှကာလပတ်လုံး) မပြုကျင့်အပ်။

၃...
ပဉ္စင်းဖြစ်ပြီးသော ရဟန်းသည် သေစေလိုသော စေတနာဖြင့် 'စေတနာရှိသည်ဖြစ်၍' သတ္တဝါကို ဇီဝိတိနြေ္ဒမှ မချအပ်၊ အယုတ်ဆုံးအားဖြင့် ပိုးရွ ခြပုန်းကို အစပြု၍ ဇီဝိတိနြေ္ဒမှ မချအပ်၊ အကြင်ရဟန်းသည် သေစေလိုသော စေတနာရှိသည်ဖြစ်၍ လူဇာတ်ဖြစ်သော သူကို၊ အယုတ်ဆုံး အားဖြင့် ကိုယ်ဝန်ကျ ဆေးကို အစပြု၍ ဇီဝိတိနြေ္ဒမှ ချ၏ (ချငြားအံ့)၊ ထိုရဟန်းသည် ရဟန်းမဟုတ်၊ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်။

ဥပမာအားဖြင့် နှစ်ဖြာကွဲလေပြီးသော ကျောက်ဖြာကြီးသည် တစ်ဖန်ပြန်၍ စပ်ခြင်းငှါ မဖြစ်သကဲ့သို့၊ ဤအတူသာလျှင် ရဟန်းသည် သေစေလိုသော စေတနာရှိသည်ဖြစ်၍ လူဇာတ်ဖြစ်သော သူကို ဇီဝိတိနြေ္ဒမှ ချသည်ရှိသော် ရဟန်းမဟုတ်၊ သာကီဝင် မင်းသား ဘုရားအနွယ်တော် မဟုတ်၊

၎..
သင်သည် ထို လူ့အသက် သတ်ခြင်းကို...
အသက်ထက်ဆုံး (သိက္ခာပုဒ်တော် ကိုယ်၌ တည်သမျှ ကာလပတ်လုံး) မပြု ကျင့်အပ်။
ပဉ္စင်းဖြစ်ပြီးသော ရဟန်းသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို မပြောဟောအပ်၊ အယုတ်ဆုံးအားဖြင့် ''ဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်၏'' ဟုပင် မပြောဆိုအပ်။ အကြင်ရဟန်းသည် ယုတ်မာသော အလိုဆိုးရှိသည်ဖြစ်၍ အလိုဆိုးသည် နှိပ်စက်အပ်သည်ဖြစ်၍ ထင်ရှားမရှိသော မဟုတ်မမှန်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်တရားကိုလည်းကောင်း၊ ဝိမောက္ခတရားကိုလည်းကောင်း၊ သမာဓိကိုလည်းကောင်း၊ သမာပတ် ကိုလည်းကောင်း၊ မဂ်ကိုလည်းကောင်း၊ ဖိုလ်ကိုလည်းကောင်း (ငါရ၏ ငါသိ၏ဟု) ပြောဆိုအံ့၊ ထိုရဟန်းသည် ရဟန်းမဟုတ်၊ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်။

ဥပမာအားဖြင့် လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် တစ်ဖန်ပြန်၍ စည်ပင် ကြီးပွါးခြင်းငှါ မထိုက် သကဲ့သို့၊ ဤအတူသာလျှင် ရဟန်းသည် ယုတ်မာသော အလိုဆိုးရှိသည်ဖြစ်၍ အလိုဆိုးသည် နှိပ်စက်အပ်သည်ဖြစ်၍ ထင်ရှားမရှိသော မဟုတ်မမှန်သော လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော (ဈာန်မဂ်ဖိုလ်) တရားကို ပြောဆိုသည်ရှိသော် ရဟန်းမဟုတ်၊ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်၊

သင်သည် ထို (ဈာန်မဂ်ဖိုလ်) တရားကို ပြောဆိုခြင်းကို...
အသက်ထက်ဆုံး (သိက္ခာပုဒ်တော် ကိုယ်၌ တည်သမျှ ကာလပတ်လုံး) မပြုကျင့်အပ်
ဟုပြောကြားဆုံးမအပ်၏။ 129 ပါရာဇိက

မပြုကျင့်အပ်သော တရားလေးပါး ၊ ၁ မဟာခန္ဓက၊ မဟာဝဂ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

1 comment:

yoyolaypar said...

ကျေးဇူးတင်ပါတယ်