နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, February 1, 2010

အသက် 'ဇီဝိတိနြေ္ဒ'သည် အဘယ်ကို စွဲ၍ တည်သနည်း

မဟာဝေဒလ္လသုတ်

"အသက် 'ဇီဝိတိနြေ္ဒ' သည် အဘယ်ကို စွဲ၍ တည်သနည်း"

ငါ့သျှင် အသက် 'ဇီဝိတိနြေ္ဒ' သည် အဘယ်ကို စွဲ၍ တည်သနည်း ဟု လျှောက်၏။

ငါ့သျှင် အသက် 'ဇီဝိတိနြေ္ဒ' သည် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' ကို စွဲ၍ တည်၏ ဟုမိန့်ဆို၏။

ငါ့သျှင် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' သည် အဘယ်ကို စွဲ၍ တည်သနည်း ဟု လျှောက်၏။

ငါ့သျှင် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' သည် အသက် 'ဇီဝိတိနြေ္ဒ'ကို စွဲ၍ တည်၏ဟု မိန့်ဆို၏။

ငါ့သျှင် ''အသက် 'ဇီဝိတိနြေ္ဒ' သည် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်'ကို စွဲ၍ တည်၏'' ဟု ယခုပင် အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့ သိရကုန်၏။ ငါ့သျှင် ''ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်'သည် အသက် 'ဇီဝိတိနြေ္ဒ' ကို စွဲ၍ တည်၏'' ဟု ယခုပင် အသျှင်သာရိပုတြာ ပြောဆိုသည်ကို ငါတို့ သိရကုန်၏။

ငါ့သျှင် ဤစကား၏ အနက် အဓိပ္ပါယ်ကို အဘယ်ကဲ့သို့ သိမှတ် ရမည်နည်း ဟု လျှောက်၏။

ငါ့သျှင် သို့ဖြစ်လျှင် သင့်အား ဥပမာပြုအံ့၊ ဤလောက၌ ဥပမာဖြင့်လည်း အချို့သော ပညာရှိ ယောက်ျားတို့သည် ပြောဆိုသော စကား၏ အနက် အဓိပ္ပါယ်ကို သိကုန်၏။ ငါ့သျှင် တောက်လောင်သော ဆီမီး၏ မီးလျှံကို စွဲ၍ အလင်းရောင်သည် ထင်ရှား သကဲ့သို့၊ အလင်းရောင်ကို စွဲ၍ မီးလျှံသည် ထင်ရှား သကဲ့သို့၊ ဤအတူပင် အသက် 'ဇီဝိတိနြေ္ဒ'သည် ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်'ကို စွဲ၍တည်၏၊ ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်'သည် အသက် 'ဇီဝိတိနြေ္ဒ'ကို စွဲ၍ တည်၏'' ဟု မိန့်ဆို၏။

ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစား တတ်သော သဘောတို့လော၊ သို့မဟုတ် အသက်တို့က တစ်ခြား, ခံစားတတ်သော သဘောတို့က တစ်ခြားတို့လေဟု လျှောက်၏။

ငါ့သျှင် ထိုအသက်တို့သည်ပင် ထိုခံစား တတ်သော သဘောတို့ မဟုတ်ကုန်။ ငါ့သျှင် မှန်၏၊ ထိုအသက်တို့သည်ပင် ထိုခံစား တတ်သော သဘောတို့ ဖြစ်ခဲ့ကြမူ ဤမှတ်သားမှု 'သညာ', ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓ သမာပတ်'ကို ဝင်စားသော ရဟန်းအား (သမာပတ်မှ) ထခြင်းသည် မထင်ရှားရာ၊ ငါ့သျှင် အသက်က တစ်ခြား, ခံစားတတ်သော သဘောက တစ်ခြား ဖြစ်ခြင်းကြောင့် မှတ်သားမှု 'သညာ', ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓ သမာပတ်'ကို ဝင်စားသော ရဟန်းအား သမာပတ်မှ ထခြင်းသည် ထင်ရှား၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: