နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, April 2, 2010

အဆွေခင်ပွန်း...

မိတ္တသုတ် - (အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူ)

ယုတ်မာသော အဆွေခင်ပွန်းရှိသူသည်...

ရဟန်းတို့ ယုတ်မာသော အဆွေခင်ပွန်းရှိသော ယုတ်မာသော အပေါင်းအသင်းရှိသော ယုတ်မာသော အဆွေခင်ပွန်းကို ကိုင်းရှိုင်းသော ယုတ်မာသော အဆွေခင်ပွန်းကို မှီဝဲသော ဆည်းကပ်သော အဖန်ဖန် ဆည်းကပ်သော ထိုယုတ်မာသော အဆွေခင်ပွန်းတို့၌ မြင်ဖူးသော အမူအရာကို အစဉ်လိုက်ခြင်းသို့ ရောက်သော ထိုရဟန်းသည် စင်စစ် မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ မြတ်သော ဝတ်အကျင့်တရားကို မဖြည့်ဆည်းပူးဘဲ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို မဖြည့်ဆည်းပူးဘဲ သီလ လေးမျိုးတို့ကို ဖြည့်ဆည်းပူး လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ သီလလေးမျိုးတို့ကို မဖြည့်ဆည်းပူးဘဲ ကာမ ရာဂကို လည်းကောင်း၊ ရူပ ရာဂကို လည်းကောင်း၊ အရူပ ရာဂကို လည်းကောင်း ပယ်စွန့်နိုင်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ။


ကောင်းသော အဆွေခင်ပွန်းရှိသူသည်...

ရဟန်းတို့ ကောင်းသော အဆွေခင်ပွန်းရှိသော ကောင်းသော အပေါင်းအသင်းရှိသော ကောင်းသော အဆွေခင်ပွန်းကို ကိုင်းရှိုင်းသော ကောင်းသော အဆွေခင်ပွန်းကို မှီဝဲသော ဆည်းကပ်သော အဖန်ဖန် ဆည်းကပ်သော ထိုကောင်းသော အဆွေခင်ပွန်းတို့၌ မြင်ဖူးသော အမူအရာကို အစဉ်လိုက်ခြင်းသို့ ရောက်သော ထိုရဟန်းသည် စင်စစ်မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုး သည် ရှိ၏၊ မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးသည် ရှိသော် သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိ၏၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးသည် ရှိသော် သီလ လေးမျိုးတို့ကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်း မျိုးသည် ရှိ၏၊ သီလ လေးမျိုးတို့ကို ဖြည့်ဆည်းပူးသည်ရှိသော် ကာမ ရာဂကို လည်းကောင်း၊ ရူပ ရာဂကို လည်းကောင်း၊ အရူပ ရာဂကို လည်းကောင်း ပယ်စွန့်နိုင်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိ၏ ဟု မိန့်တော်မူ၏။ 67

၃ - မိတ္တသုတ်၊ ဒေ၀တာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: