နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, September 26, 2010

ကိုယ်တိုင်ယူ၍ သုံးဆောင်နိုင်ပါသည်.......






ဘေသဇ္ဇက္ခန္ဓက


တစ်ရံရောအခါ ရဟန်းတစ်ပါးကို မြွေမကိုက်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ ကျင်ကြီး၊ ကျင်ငယ်၊ ပြာ၊ မြေညက်ဟူသော ဆေးကြီးလေးပါးတို့ကို ပေးစိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတို့အား ''အကပ်မခံဘဲ အပ်သလော၊ သို့မဟုတ် အကပ်ခံရဦးမည်လော'' ဟု အကြံဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ကပ္ပိယကာရက ရှိခဲ့သော် အကပ်ခံ စိမ့်သောငှါ ခွင့်ပြု၏၊ ကပ္ပိယကာရက မရှိခဲ့သော် ကိုယ်တိုင်ယူ၍ သုံးဆောင်စိမ့်သောငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။

ထိုအခါ ရဟန်းတစ်ပါးသည် အဆိပ်ကိုသောက်မိ၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ကျင်ကြီးကိုသောက်စိမ့်သောငှါ ခွင့်ပြု၏ ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းတို့အား ''အကပ်မခံဘဲ အပ်သလော၊ သို့မဟုတ် အကပ်ခံရဦးမည်လော'' ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ကျင်ကြီးစွန့်စဉ် ခံယူခြင်းသည်ပင်လျှင် အကပ်ခံခြင်းကို ပြုသည်မည်၏၊ တစ်ဖန် အကပ်မခံရတော့ပြီ ဟု မိန့်တော်မူ၏။ 268




မြန်မာနိုင်ငံတွင် မြွေကိုက်၍ သေဆုံးရသူ... အဆိပ်သောက်၍ ဆေးမမှီလို့ သေဆုံးရသူများမှာ မနည်းလှပေ... အရေးပေါ် လူသားများ၏အသက်ကို ကယ်ဆယ်နိုင်မည့်အတွက်... မြတ်ဗုဒ္ဓပေးသောဆေးနည်းကို သင်တို့လည်း မှတ်သားထားသင့်ပေသည်... ဤဆေးသည် ဘုရားပြောသောစကား ယုံကြည်စရာလည်းဖြစ် လွယ်ကူစွာဖြင့်လည်း ရရှိနိုင်ပါသည်... သတ္တ၀ါများအား ကယ်တင်နိုင်ကြပါစေ...




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


၆ - ဘေသဇ္ဇက္ခန္ဓက၊ မဟာဝဂ်ပါဠိတော်။

No comments: